မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမ်လောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့ CDF-Mindat ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တိုက်နယ်အမှတ် (၄) ဘက်ကို လက်နက်ကြီးပစ်ခတ်ကာ အမ်လောင်းကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်လင်မယားနဲ့ သူတို့သားလေးအပါအဝင် CDF-Mindat ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တာလို့ CDF-Mindat တပ်ဖွဲ့က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“အမ်လောင်းရွာမှာ စစ်ဘေးရှောင်ကိစ္စတွေဆွေးနွေးကြတာပေါ့နော စုဝေးနေကြတဲ့ အချိန်ပေါ့လေ အဲဒီ CDF ရဲဘော်တစ်ယောက်ကလည်းရောက်နေတာပေါ့နော်။ သူက အုပ်ချုပ်ရေးပိုင်း စစ်ဘေးရှောင်ပိုင်းကို ကူပါတယ် သူလည်းအဲဒီမှာရှိနေတယ်။ ရွာကလူတွေလည်း အဲဒီမှာစုစည်းကြတယ် စစ်ဘေးရှောင်ဒေတာတွေကောက်တာရော၊ ရပ်ထဲရွာထဲကဟာတွေကော ဆွေးနွေးကြတာပေါ့ အဲဒီဆွေးနွေးနေတဲ့အိမ်ပေါ်ကိုပေါ့နော်၊ လက်နက်ကြီး ကျတာပေါ့လေ စကစ ၂၇၄ က လှမ်းပစ်တဲ့ဟာဝစ်ဇာ လက်နက်ကြီးကျပြီး အိမ်ရှင်လင်မယားရယ် သူ့သားလေးရယ် အဲဒီရဲဘော်ရယ် ကျဆုံးခဲ့တာပါ”  လို့ CDF-Mindat ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အခြားဒေသခံ ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသော CDF-Mindat ရဲဘော်မှာ ဆလိုင်းဘီလီအောင်ထန်း ဖြစ်ပြီး ယခင် စစ်အာဏာမသိမ်းခင်က မင်းတပ်မြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်ပြီး အာဏသိမ်းပြီးနောက်ပိုင်းမှာ CDF-Mindat တပ်ထံ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

ခလရ (၂၇၄) တပ်ရင်းဟာ မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့မှုတွေရှိသလို လူထိခိုက်သေဆုံးမှုလည်း မကြာခဏရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားဆဲဖြစ်ပါတယ်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...