မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင် ကူညီရေးအတွက် ရူပီးငွေ သိန်း ၄၀၀ ကျော် အသုံးပြုပြီး ဟုဆို

မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင် ကူညီရေးအတွက် ရူပီးငွေ သိန်း ၄၀၀ ကျော် အသုံးပြုပြီး ဟုဆို

အိန္ဒိယနိုင်ငံ ၊ မီဇိုပြည်နယ်အစိုးရက စစ်ဘေးရှောင်များ အကူအညီရေး အတွက် ရူပီးငွေ ၄၁,၄၆၆,၀၀၀ အသုံးပြုထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခုကျင်းပဆဲဖြစ်သော Assembly Budget Session တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ပြောဆိုခဲ့သည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းဇယားများအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ၃၁,၅၀၈ ဦးရှိပြီး ၎င်းတို့အနက် ၃၁,၀၅၀ဦးမှာ မြန်မာနိုင်ငံမှဖြစ်၍ ၄၅၈ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

မြန်မာနိုင်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရာတွင် ရူပီး ၃၈,၄၆၆,၀၀၀ အသုံးပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသူများအတွက် ရူပီး ၃,၀၀၀,၀၀၀ အသုံးပြုခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့မှုများတွင် ယာယီစခန်းတည်ဆောက်ရေး ၊ စားနပ်ရိက္ခာ ၊ လျှပ်စစ်မီး ၊ သောက်သုံးရေ ၊ဆေးဝါးနှင့် အခြားလိုအပ်သော အရာများ ဝယ်ယူမှုတွင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မီဇိုရမ်အစိုးရကလည်း ရှိတဲ့ဘတ်ဂျက်ထဲကနေ အကောင်းဆုံးဖြစ်အောင် ကူညီပေးတာပါ၊ လူဦးရေနဲ့ စာရင် ငွေကမများပေမဲ့ သူတို့ရဲ့ စိတ်စေတနာနဲ့ နေထိုင်ခွင့်ပေး ကူညီစောင့်ရှောက်တာတွေအတွက် ကျေးဇူးအထူးတင်ရပါတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် အစိုးရ စာရင်းဇယားများထက် လက်တွေ့တွင် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားနေပြီး မြန်မာပြည်သားအချို့မှ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဥပဒေစည်းကမ်းများကို ချိုးဖောက်မှုများလည်း ရှိနေကြောင်း ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများ၌ အလုပ်အကိုင် ရှားပါးသဖြင့် အဓိက စားနပ်ရိက္ခာ အခက်အခဲများ တွေ့ကြုံရလေ့ရှိကြောင်း အဆိုပါ မြန်မာစစ်ဘေးရှောင်က ပြောသည်။

ယင်းအခက်အခဲများကို မြန်မာပြည်သား ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ လူမှုရေး ၊ ဘာသာရေး နှင့် ပရဟိတအဖွဲ့များက ရန်ပုံငွေများရှာဖွေပြီး ကူညီလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ရက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် စစ်ဘေးရှောင်များကူညီနေသည့် မြန်မာနိုင်ငံသား အဖွဲ့အစည်း ကိုးဖွဲ့မှ ဦးစီးကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ နှင့်အတူ ဒေသတွင်းရှိ ဩဇာကြီးမားသော လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...