လမ်းခရီးအခက်အခဲများကြောင့် ချီဖွေမြို့တွင် ငွေတိုးဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေ

လမ်းခရီးအခက်အခဲများကြောင့် ချီဖွေမြို့တွင် ငွေတိုးဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေ

လမ်းခရီးအခက်အခဲတွေကြောင့် ကချင်ပြည်နယ်၊ ချီဖွေမြို့က ဆန်အရောင်းဆိုင်အချို့ပိတ်ထားပြီး တချို့ ဒေသခံတွေက ဆန်ဝယ်စုလိုက်ကြတဲ့အတွက် နှစ်တင်းဝင်ဆံ့တဲ့ ငွေတိုးဆန် တစ်အိတ်ကို ၁၀၀,၀၀၀ (တစ်သိန်း) ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မြစ်ကြီးနား - ဝိုင်းမော် - ချီဖွေလမ်းပိုင်းမှာ ဂိတ်တွေတိုးလာတဲ့အပြင် ဆန်တစ်အိတ်သယ်ဆောင်ခ တစ်ဂိတ်ကို ၃,၀၀၀ ကျပ် ပေးဆောင်ရတဲ့အတွက် ဆန်သယ်ယူမှုတွေ လျော့ကျလာပြီးတော့ အများအပြားသယ်ဆောင်တာတွေ မပြုလုပ်ကြဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အဲဒီဒေသဘက်က သတ္တုလုပ်ကွက်တွေမှာလည်း အလုပ်သမားများတာကြောင့် ဆန်လုံလောက်မှု မရှိတဲ့အပြင် ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံဘက်က လမ်းပိတ်လိုက်တာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရင်လက ငွေတိုးဆန်တစ်အိတ်ကို ၆၀,၀၀၀ (ခြောက်သောင်း) ကျပ်နဲ့ ဝယ်ယူစားသုံးခဲ့ကြပေမဲ့ ဖေဖော်ဝါရီလမှာ ချက်ချင်းခုန်တက်သွားတာ ဖြစ်တယ်လို့ ချီဖွေမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကိုယ်တိုင်မြို့ကနေ ဝယ်သယ်ခဲ့မယ်ဆိုရင်လည်း အဆင်မပြေဘူး။ ပြီးတော့ ဒီမှာက ဆန်လည်း တစ်ခါတစ်ခါ ပြတ်တာဟုတ်တယ်။ ဆန်ပြန်သယ်ရင်က ဂိတ်တွေမှာလည်း စစ်တာဟုတ်တယ်။ ပြီးတော့ ဒီမှာက ဆန်ဈေးကြီးတော့ ပိုဈေးကြီးလာမှာစိုးလို့ ဝယ်လိုက်တာတွေလည်း ရှိတယ်။ တချို့က ဈေးအရမ်းကြီးတော့ မဝယ်ရောင်းတာလည်းရှိတယ်။”လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

အရင်က ချီဖွေ၊ ပန်ဝါ၊ ဆော့လော် စတဲ့မြို့နယ်တွေက တရုတ်နိုင်ငံနဲ့ နီးတဲ့အတွက် အဲဒီဘက်က ဝင်လာတဲ့ ဆန်၊ ဆီ၊ ဆား စတဲ့စားသောက်ကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေကို အဓိကဝယ်ယူသုံးစွဲခဲ့ကြပြီးတော့ အခုအချိန်မှာ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက်ကြောင့် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့ဘက်ကလာတဲ့ စားသောက်ကုန်တွေကို ဝယ်ယူသုံးစွဲနေကြတာရတာ ဖြစ်ပါတယ်။

“မြစ်ကြီးနားဘက်ကပဲတင်တော့ ဈေးကပိုကြီးတာပေါ့။ ဒီဘက်ကပဲ တင်ကြတာ။ တရုတ်ဘက်ကတော့ မတင်ဘူးနော်။ ဟင်းသီးဟင်းရွက်တွေကအစ ဒီဘက်ကပဲတင်သွင်းကြတာ ဟုတ်တယ်။ အဲဒါကြောင့် ဈေးကပိုတက်လာတာ။” ဒေသခံအမျိုးသမီးက ဆိုပါတယ်။

မြစ်ကြီးနား - ဝိုင်းမော် - ချီဖွေလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဂိတ်ပေါင်း ၁၀ ဂိတ်ကျော်ရှိတယ်လို့လည်း အဲဒီလမ်းမှာ ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...