စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့အား ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်သဖြင့် ၄ ဦးသေဆုံး

စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့အား ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်သဖြင့် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက ကင်းပုန်းထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ လေးဦးသေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“ကျဆုံးခဲ့တဲ့ ရဲဘော်ခုနစ်ဦးအတွက်ဆိုပြီးတော့ ပုလဲမြို့ထဲကထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေါင်းနက် ပြောက်ကျားအဖွဲ့က မိုင်းခွဲတိုက်ခိုက်တာပေါ့နော်၊ အကြမ်းဖက်စစ်ကောင်စီဘက်က လေးဦးသေပါတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာ၀န်ခံက မဇ္စျိမသို့ ပြောသည်။

ပုလဲမြို့တွင်းမှကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၀င်ခုနစ်ဦးပါ ကင်းပုန်းအဖွဲ့ကို ၎င်းတို့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းနက် နယ်စီးမခြားပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

“ပုလဲမြို့ထဲမှ ကင်းပုန်းထွက်လာသော စခ(စစ်ကောင်စီတပ်သား)ခုနစ်ကောင်အား၊ ဒေါင်းနက်မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ခွေး ၃ ကောင်သေပြီး၊  တစ်ကောင်ဒဏ်ရာပြင်းထန်ကြောင်း ခိုင်လုံသည့်သတင်းအရသိရ ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းအရ စစ်ကောင်စီဘက်မှ လေးဦးသေကြောင်း၊ စစ်ဆင်ရေးလုပ်ခဲ့သည့် ပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိကြောင်း ၎င်းအဖွဲ့တာ၀န်ရှိသူကဆိုသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနှင့်ပုလဲမြို့နယ်အစပ်ကြားတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ယင်းမာပင်ခရိုင်တပ်ရင်း(၁၀) ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့သည် ရေစကြိုတော်လှန်ရေး တပ်ဖွဲ့၊ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့၊ M7 တပ်ဖွဲ့၊ ပုလဲမြို့နယ်ပကဖတပ်ဖွဲ့၀င်များနှင့်အတူ စစ်ဆင် ရေးတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအပြီး အပြန်လမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု၏ ခြုံခိုတိုက်ခိုက်ခြင်းခံရပြီး ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၁) တပ်စု(၃)မှ ရဲဘော်ခြောက်ဦးနှင့် ပကဖ ရဲဘော် တစ်ဦး စုစုပေါင်း ရဲဘော် ခုနစ်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...