လမိုင်းမြို့ အနီးတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

လမိုင်းမြို့ အနီးတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က မော့ကနင်းကျေးရွာမှ အသက် ၅၉ နှစ်အရွယ် နိုင်ညွန့်ဝေ ဆိုသူသည် ၎င်းပိုင်ဆိုင်သည့်ခြံကနေ ပစ္စည်းထွက်ဝယ်စဥ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင်း နိုင်ညွန့်ဝေ၏ ဘယ်ဘက်ခြေထောက်ပြတ်ရှပြင်းထန်ဒဏ်ရာ၊ ညာခြေထောက်နှင့် လက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ၏ “ဘေးကလွဲနဲ့ ကြိုးတံတားအနား နင်းမိတာ၊ သူက ခြံထဲကနေထွက်ပြီးတော့ နင်းမိသွားတယ် အဲအနားတဝိုက် အခုလို နင်းမိတာ ၄ ခါ ရှိပြီး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် နိုင်ညွန့်ဝေကို လူမှုကယ်ဆယ်ရေး အဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော့ကနင်ကျေးရွာ ကေ့စွယ်ရပ်က သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဆိုင်ကယ်မောင်းနှင်စီးနင်းလာရင်း ကြိုးတံတားကျေးရွာအနီးတွင် မြေမြိုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ဘေးကလွဲရွာ ကြိုးတံတားချောင်းအနီးတွင် ရေပိုက်လာပြင်သည့် အသက် ၇၀ ဝန်းကျင်ရှိ နိုင်ကိုးမိုင်ဆိုသူလည်း မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဖြတ်တောက်ခဲ့ရသည်။

၎င်းပြင် ဇန်နဝါရီလအတွင်းကလည်း အဆိုပါ ကြိုးတံတားချောင်းအနီးတွင် ဒေသခံတစ်ဦး ဆိုင်ကယ်စီး လာစဉ် မြေမြှုပ်မိုင်းနင်းမိမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပျက်ဆီးခဲ့ပြီး ထိခိုက်ရာရရှိခဲ့မှုမရှိခဲ့ကြောင်း  ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

ရေးမြို့နယ် ကြိုးတံတားကျေးရွာအနီးတွင် စစ်ကောင်စီတပ်များ စခန်းချထားပြီး ဒေသတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...