မော်လမြိုင်လေယာဉ်ကွင်းနားက ဆိုင်ခန်းအချို့ မပြောင်းရွေ့ရရေး အသနားခံစာတင်

မော်လမြိုင်လေယာဉ်ကွင်းနားက ဆိုင်ခန်းအချို့ မပြောင်းရွေ့ရရေး အသနားခံစာတင်
မော်လမြိုင်လေယာဉ်ကွင်း
မော်လမြိုင်လေယာဉ်ကွင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ်ရှေ့ လေယာဉ်ကွင်းဝန်းကျင်နှင့် ဦးစစ်မောင်လမ်းရှိ ဈေးဆိုင်ခန်းအချို့ မပြောင်းရွှေ့ရရေး ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ထားကြောင်း ပြောင်းရွှေ့ရမည့်ဆိုင်ခန်းပိုင်ရှင်အချို့တို့ထံမှ သိရသည်။

မော်လမြိုင်လေယာဉ်ကွင်းဝန်းကျင်နှင့် ဦးစစ်မောင်လမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများသည် လေယာဉ်ကွင်းပိုင် မြေဧရိယာတွင် ရှိနေသည့်အတွက် ဖေဖော်ဝါရီ ၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် မွန်ပြည်နယ်စစ်ကောင်စီက စာထုတ်ညွှန်ကြားထားသည်။

လေယာဉ်ကွင်းနားက ပြောင်းရွှေ့ရမည့် ဈေးဆိုင်ခန်း ၁၅ ခန်းကျော်ရှိပြီး အချို့က ပြောင်းရွေ့သွားကြသော်လည်း အချို့က ပြောင်းရွှေ့ရန် အခက်အခဲရှိနေသည့်အတွက် သက်ဆိုင်ရာထံ အသနားခံစာ တင်ထားခြင်းဖြစ်သည်ဟု ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကိုယ်က အခုနည်းနည်းခက်ခဲနေတယ်ဆိုတော့ အသနားခံစာတင်ပြီးတော့ ၁ဝ တန်း စာမေးပွဲလည်း ရှိတယ်၊ ကလေးလည်းရှိတယ်ဆိုတော့လေ အဲလိုမျိုး အခက်အခဲဖြစ်နေတော့ အသနားခံစာ တင်ထားတယ်။ နေလို့ရသလောက် ပေးနေဖို့ အသနားခံစာတင်ထားရတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လေယာဉ်ကွင်းဝန်းကျင်နှင့် ဦးစစ်မောင်းလမ်းတွင် ဈေးဆိုင်ခန်း ၁၅ ခန်းကျော်ရှိနေပြီး စားသောက်ဆိုင် ကုန်စုံဆိုင်နှင့် ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချနေသည်ဟု သိရသည်။

ဈေးဆိုင်ခန်းများ ပြောင်းရွှေ့ရသည့်အတွက် စီးပွားပျက်သွားသည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အခြားကုန်ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ကျွန်မတို့က ဒီဆိုင်ကိုဝယ်ထားတာလည်း သိပ်မကြာသေးဘူးလေ ၆ လလောက်ပဲရှိသေးတယ်။ ၁၂ လပိုင်းမှာပဲ ငွေချေထားတယ် အခု ၁ လပိုင်းမှာ စာထွက်လာတော့ တစ်ခြားနေရာပြောင်းဖို့ကလည်း ငွေကြေးအခက်ခဲဖြစ်တယ်။ အပြင်မှာဆိုရင် ဒီလိုဈေးဆိုင်နဲ့ လူနေလို့ရတဲ့အဆောက်အအုံဆိုရင် ၃ သိန်းနဲ့ အထက်မှာရှိနေတယ်။ ၆ လလောက်ချုပ်ရမှာဆိုတော့ ပိုက်ဆံလည်းသိပ်မရှိဘူး ဒီနေရာကို ဖျက်မယ်ဆိုရင် ကုန်စုံကိုလည်းဖြုတ်ရမယ်ဆိုတော့ စီးပွားရေးပျက်ပြီး တစ်ကနေပြန်စရမဲ့ သဘောပေါ့” ဟု ၎င်းက ဆိုသည်။

အဆို ဈေးဆိုင်ခန်းများကို တစ်လလျှင် ကျပ် ၁ သောင်းခွဲမှ ၅ သောင်းအထိ ခြောက်လတစ်ကြိမ် စာချုပ်ချုပ်ပြီး ငှားရမ်း နေထိုင်ရကြောင်းလည်း ဈေးဆိုင်ခန်းပိုင်ရှင်တို့ထံမှ သိရသည်။

ဈေးဆိုင်ခန်းများ ပြောင်းရွှေ့ရမည့် မော်လမြိုင်လေယာဉ်ကွင်းနှင့် ဦးစစ်မောင်လမ်းသည် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အဓိက ကျင်လည်ရာ နေရာတစ်ခုဖြစ်ပြီး ဈေးဆိုင်ခန်းများသည် နှစ်ပေါင်း ၃၀ ကျော်ပြီးဖြစ်သည်ဟု သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...