ဖရူဆိုမှာ ရေရှားပါးမှုကြောင့် ကျန်းမာရေးပြဿနာကြုံနေရ

ဖရူဆိုမှာ ရေရှားပါးမှုကြောင့် ကျန်းမာရေးပြဿနာကြုံနေရ

ကရင်နီပြည် ဖရူဆိုမြို့နယ် မားခရော်ရှေ့အုပ်စု ကျေးရွာတချို့မှာ သောက်သုံးရေရှားပါးပြီး ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ကလေးသူငယ်တွေ နဲ့ လူကြီးတွေ မှာ အရေပြားရောဂါ နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံနေရတယ်လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” ရေကတော့ သူတို့လှူတယ် ပြောပေမယ့် ဒီရွာအနေနဲ့ တစ်ခါမှ မရဘူး။ သောက်ရေကျတော့ နည်းနည်းစီခပ်ရတာပေါ့၊ စိပ့်ရေကျတော့ နည်းနည်းပဲထွက်တယ်လေး နောက် ရေနီပဲ သုံးနေတယ် တစ်ချို့ကျတော့ အခုလည်း တစ်ရွာထဲ သုံးတာမဟုတ်ဘူး။ နောက်ထပ် နှစ်ရွာ သုံးရွာအထိ မျှသုံးကြတယ်၊ လာမယ့် လမှာတော့ ရေခမ်းဖို့ပဲရှိတယ် အခုတောင်မှ ရွံ့ရေလိုပဲ ဖြစ်နေပြီ။ ရေမရှိတော့ နောက်ဆက်တွဲ ပြသနာအနေနဲ့ အမျိုးသမီးမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်တာ အဖြစ်များတယ် အရေပြားရောဂါလည်း တော်တော်ဖြစ်များတယ်။ ရေ ဒီထက်ပိုရှားလာရင်တော့ ဝမ်းလျောဝမ်းပျက်ဖြစ်လာနိုင်တယ်။ စိိုးရိမ်ရတယ် အဓိက ရေရှားတဲ့ ပြဿနာပေါ့ ” လို့ ကျန်းမာရေးဆရာမ တစ်ဦးက ပြောပါတယ်။

အရေပြားရောဂါအပြင် အသက် ငါးနှစ်ဝန်းကျင် ကလေးငယ်တွေမှာ ဝမ်းရောဂါပါ မကြာခဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျေးရွာ အတွင်း သောက်သုံးရေ ရှားပါးတာကြောင့် သောက်သုံးရေ ဝယ်ယူဖို့ ကားတစ်စီးဆိုရင်ခြောက်သောင်း ကျပ်အထိ ပေးနေရပြီး အချို့မှာ မဝယ်ယူနိုင်တာရှိတယ်လို့ဆိုပါတယ်။

ယခုအခါ ဖရူဆို မားခရော်ရှေ့အုပ်စုက ထီးသဲကူးရွာ၊ လောပလျားလဲရွာ၊ ဒေါကူလီရွာ စတဲ့ ကျေးရွာတွေဟာ ရေနီ နဲ့ မှီခိုနေရတာကြောင့် သောက်သုံးရေရှားပါးပြီး ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေ ဆိုးကျိုးဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။

” ရေ အလှူရှင်ကတော့ မရရှိဘူး၊ ကျောင်းအတွက် ကားနှစ်စီးရတာတော့ ရှိဖူးတယ်။ အခု အနေအထားက ရွာပြင်က ရေကန်နဲ့ ရေချိုးဘာညာတော့ ရတယ်၊ သောက်သုံးရေ သုံးဖို့က တစ်ခြားတစ်ကန်ကို သုံးရတာဝေးတယ်ပေါ့။ လာမယ့် မတ်လမှာတော့ တော်တော်လေး ခက်ခဲမယ့် အနေအထားမှာရှိမယ် ” လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

ရေနီကန် ကို အိမ်ခြေ ၁၀၀ ခန့် နဲ့ လူဦးရေ ငါးရာကျော်ရှိတဲ့ ထီးသဲကူးရွာမှာ တစ်ရွာလုံး အသုံးပြုနေရတဲ့အပြင် ဒေါခူလီရွာ၊ လောပလျားလဲရွာ စတဲ့ ကျေးရွာ အပါအဝင် မျှပြီးအသုံးပြုနေရတာကြောင့် ယခုလကစပြီး ရေခမ်းခြောက်နိုင်တဲ့ အနေအထားရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...