ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထီးကပလယ်ကျေးရွာရှိ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကို ဖေဖော်ဝါရီလ(၉)ရက် ည(၈)နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO တပ်ရင်း(၈) တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသော ထိုဒေသတွင် စစ်ကောင်စီတပ်ဘက်မှ ထီးကပလယ်ကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချသွားခဲ့ခြင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးစောအယ်မြထူးက ယခုလိုပြောသည်။

“မနက်(၅)နာရီဝန်းကျင်မှာ စစ်ကောင်စီက ကင်းထောက်လေယာဉ်တစ်စင်းလာတယ်။ ပြီးတော့ ည(၈)နာရီမှာ တိုက်လေယာဉ်လာပြီးတော့ဗုံံး(၂)လုံးလာကြဲသွားတယ်။ ဘုရားကျောင်းကတော့ တော်တော် ပျက်စီးသွားတယ်။ ရွာသားတွေတော့ အထိအခိုက်မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ပိုင်းရှိ ကော့ကရိတ်မြို့နယ် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို အရပ်သားများ အပါအဝင် အခြားလက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဖြတ်သန်းသွားခြင်းမပြုရန် (KNDO) အမှတ်(၈) တပ်ရင်းက ဖေဖော်ဝါရီလ(၈)ရက်နေ့စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်အလားတူ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းကိုလည်း ဇန်နဝါရီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သောကြောင့် အသင်းအုပ်ဆရာတော်တစ်ပါးအပါအဝင် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...