စစ်ရေးပဋိပက္ခကြောင့် ပုလောနယ်ကျေးရွာမှ ဒေသခံပြည်သူများ မြိတ်မြို့သို့ပြောင်းရွှေ့နေထိုင်နေရ

စစ်ရေးပဋိပက္ခကြောင့် ပုလောနယ်ကျေးရွာမှ ဒေသခံပြည်သူများ မြိတ်မြို့သို့ပြောင်းရွှေ့နေထိုင်နေရ

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့အနီးရှိ ပုလော-ပလောက် မြို့နယ်အတွင်း ပြီးခဲ့သည့်ဇန်နဝါရီလတွင် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီများကြားတိုက်ပွဲပေါင်း နှစ်ဆယ်ကျော် ဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် နီးစပ်ရာမြိတ်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်နှင့်ပလောက်မြို့နယ်များတွင် နယ်မြေခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ များကြား ယနေ့အချိန်ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ၎င်းမြို့တွင် နေထိုင်သောမြို့ခံများအနေဖြင့် နီးစပ်ရာ မြိတ်မြို့သို့ ပြောင်းရွှေ့နေထိုင်နေကြရပြီး နေရာထိုင်ခင်း အခက်အခဲများလည်း ကြုံတွေ့နေကြရ ကြောင်း ကိုယ်တိုင်မြင်တွေ့ရသူ မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပုလောတို့၊ ပလောက်တို့ အဲ့ဒီက လူတွေအကုန်လုံးက ပြောင်းခိုင်းထားတာလေ။ ဘယ်ကို ပြောင်း ခိုင်းလည်းဆိုတာထက် အဲ့ဒီနေရာကနေ ဖယ်ပေးရတယ်။ မနည်းဘူးဘိတ်မှာ လူတွေများတာ လမ်းလျှောက်လို့ တောင်မရဘူး၊၊ နယ်ဘက်ခြမ်းက ပြေးလာတဲ့လူတွေ။ အခုနေတဲ့နေရာနဲ့ ပုလောတို့ ပလောက်တို့နဲ့ဆိုရင် တစ်နာရီ လောက်ပဲဝေးတယ်။ ပိုက်ဆံရှိတဲ့သူကကျတော့လည်း အိမ်တွေငှားနေ ကြတာပေါ့။ တချို့ကြတော့လည်း ဆွေမျိုးတွေစီပြေးပေါ့။ တော်တော် ဒုက္ခရောက်ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်မှုများလာသည့် မြိတ်မြို့နယ်အတွင်းတွင်လည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသောကြောင့် ယခင်ကထက် အစစ်အဆေးများ တင်းကြပ်နေပြီး မြို့တွင်းနေထိုင်သူများ အနေဖြင့်လည်း သွားလာရေးအကြပ်အတည်း များနှင့်ကြုံတွေ့နေရကာ အစစ်အဆေးများတွင် လူငယ်များကို အဓိကထား စစ်ဆေးနေကြောင်း မြိတ်မြို့ ဒေသခံတစ်ဦးက အခုလိုပြောသည်။

၎င်းက “မြို့မှာလည်း လှုပ်တောင်မရဲဘူး။ သူတို့ တင်းကြပ်ထားတာ ညမထွက်ရရော။ မနေ့ကဆိုရင် အကောင်ကြီးတစ်ကောင်လာလို့တဲ့ လမ်းမှာ ရဲတွေစစ်သားတွေ အပြည့်ပဲ။ စစ်ဆေးတာတွေကကျတော့ အဒေါ်အရွယ်တွေဆိုရင် မစစ်ဘူး။ လူငယ်အရွယ်တွေကိုပဲ ဖုန်းတွေရောဘာညာ အကုန်စစ်တယ်။ ဘယ်ကိုမှ မသွားရဲလောက်အောင်ပဲ။ ဘယ်လိုလုပ်စားရမလဲ မသိတော့ဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံပူးပေါင်း တပ်ဖွဲ့များအကြား ၆နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်အတိအကျ ကိုမူ မသိရှိရသေးကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များ၏ဖော်ပြချက်အရ သိရသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...