ထီးလင်းမှာ အရပ်ဝတ်စစ်ကောင်စီထောက်လှမ်းရေးတွေဖမ်းဆီးချိန်ထွက်ပြေးလို့ အသေ ပစ်ခတ်ဖမ်းဆီး

ထီးလင်းမှာ အရပ်ဝတ်စစ်ကောင်စီထောက်လှမ်းရေးတွေဖမ်းဆီးချိန်ထွက်ပြေးလို့ အသေ ပစ်ခတ်ဖမ်းဆီး
ဓာတ်ပုံ - YRA
ဓာတ်ပုံ - YRA

မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီထောက်လှမ်း ရေးတွေကို ဖမ်းဆီးရမိချိန်မှာ ထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ YRA ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ က Yaw Revolution Army ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သူတို့တွေဟာ ဂန့်ဂေါအခြေစိုက် ခလရ(၅၅) က တပ်သား(၂) ဦးနဲ့ ထီးလင်းမြို့ပေါ် ပျူစောထီး အသိုင်းအဝိုင်းက အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

" စစ်ဆေးတဲ့အချိန်ကြန့်ကြာလာတဲ့အတွက် သူတို့ကိုနားလည်မှုနဲ့ အေးဆေးနေမယ် ဆိုလို့ရှိရင် နှိပ်စက်တာတွေမလုပ်ဘူးဆိုပြီး ညှိလိုက်တော့ အဆင်ပြေတယ်ဗျ။အဲဒါနဲ့ ကြိုးတွေဖြည်ပေးပြီး ထမင်းကျွေးလိုက်တယ်။ထမင်းကျွေးပြီးတဲ့အခါမှာ အကဲခပ်တဲ့အနေနဲ့ခဏရှောင်ပေး လိုက်တဲ့အခါမှာ ရုတ်တရက်ထွက်ပြေးသွားတာဗျ။ အဲဒါနဲ့ လက်နက်နဲ့ပစ်ခတ်ပြီးဖမ်းဆီးခဲ့ရတာပါဗျ။" လို့ သခင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်ဖမ်းဆီးချိန်မှာ (၂) ဦးပွဲချင်းပြီးသေဆုံးကာ ကျန်(၁) ဦးမှာတော့ သေနတ် ဒဏ်ရာကို ကုသပေးနေစဉ် သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဖမ်းဆီးပစ်ခတ်ခံလိုက်ရတဲ့သူတွေဟာ မိန်းမခိုးပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက် ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့သုံးဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဟာ ထီးလင်းမြို့ဝင်ထွက်တွေမှာ စစ်ဆေးတာ၊ မြို့ပေါ်က ပြည်သူတွေကို စစ်ဆေးတာနဲ့ ရှင်းလင်းခံလိုက်ရတဲ့ ပျူစောထီး အမျိုးသမီးရဲ့ မိသားစုဝင်တွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့တ တယ်လို့ သိရပါတယ်။

YRA - ထီးလင်းက သေဆုံးသွားသူတွေကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး အရပ်ဝတ်နဲ့ လှုပ်ရှားသွား လာနေတဲ့ စစ်ကောင်စီထောက်လှန်းရေးတွေလည်း လှုပ်ရှားနေကြတဲ့အတွက် ပြည်သူတွေအနေနဲ့ မသင်္ကာဖွယ်ရာတွေ တွေ့ရှိရင် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားဖို့ YRA- ထီးလင်းက အသိပေးထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...