သားသမီးဆုံးရှုံးခဲ့ကြရတဲ့ မိခင်တွေကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်က ရပ်တည် ဖို့ နိုင်ငံတကာကို KIO တိုက်တွန်း

သားသမီးဆုံးရှုံးခဲ့ကြရတဲ့ မိခင်တွေကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်က ရပ်တည် ဖို့ နိုင်ငံတကာကို KIO တိုက်တွန်း

ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေ အနေနဲ့ သားကောင်းရတနာ၊ သမီးကောင်းရတာနာ တွေကို ဆုံးရှုံးခဲ့ကြရတဲ့ မိခင်တွေရဲ့ အသံကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်မှာ ရပ်တည် ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO က တိုက်တွန်းလိုက်ပါတယ်။

လွတ်လပ်တရားမျှတပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမို က၇ေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသားပြည်သူတွေ စည်းလုံးကြဖို့ ပြည်သူ့နွေဦးတော်လှန်၇ေး(၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

ရှေ့တန်းမှာ မကြောက်မရွံ့ ရပ်တည်ခဲ့ကြတဲ့ ပြည်သူတွေ၊ ရဲရင့်တဲ့ မျိုးဆက်သစ်လူငယ် (Generation Z) တွေနဲ့ အသက်သွေးချွေးပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်း တင်တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း(၂) နှစ်တာ ကာလအတွင်း အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သလို ပိုမိုခက်ခဲတဲ့ အခြေအနေ၊ အချိန်အခါတွေကိုလည်း ကြုံတွေ့လာရနိုင်ပေမယ့် မလွဲမသွေ ရောက်ရှိ ရမယ့် ပန်းတိုင်ကို စိတ်ဓာတ်ခွန်အား အပြည့်နဲ့ ခရီးဆက်ကြဖို့လည်း KIO က တိုက်တွန်းထားပါ တယ်။

လွတ်လပ်တရားမျှတကာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး စုစည်းညီညွတ်စွာ ရဲရဲရင့်ရင့် တော်လှန်ကြဖို့ KIO ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ(၁) ရက်နေ့မှာ မြန်မာနိုင်ငံကို စစ်တပ်က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျ ပြီး အာဏာသိမ်းခဲ့တာ (၂) နှစ်ပြည့်တော့မှာဖြစ်ပြီး ဒီအချိန်အတွင်းမှာ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေခံထားရသလို နေ့စဉ်လိုလို မီးရှို့ခံရတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...
May 22, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ...
May 21, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို...
May 20, 2026
မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားတဲ့...