တိုက်ပွဲနှင့် ကရင်ပူးပေါင်းတပ်တို့ မီးရှို့ခဲ့မှုကြောင့် ကမ်းနီတဝိုက်တွင် နေအိမ် ၄၀ နီးပါး လောင်ကျွမ်းပျက်စီး

တိုက်ပွဲနှင့် ကရင်ပူးပေါင်းတပ်တို့ မီးရှို့ခဲ့မှုကြောင့် ကမ်းနီတဝိုက်တွင် နေအိမ် ၄၀ နီးပါး လောင်ကျွမ်းပျက်စီး

စစ်ကောင်စီတပ်နှင့် ဗိုလ်စောအယ်စေးဝါး ဦးစီးသည့် ကရင်ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ မီးရှို့ခဲ့မှုကြောင့် ကော့ကရိတ်မြို့နယ် ကမ်းနီနှင့် အနီးတဝိုက်က နေအိမ် အလုံး ၄၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ကျေးရွာအတွင်း တပ်စွဲထားသည့်ကရင်ပူးပေါင်းအဖွဲ့နှင့် ကျေးရွာအနီးသို့ ချဥ်းကပ်လာသည့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကရင်ပူးပေါင်းတပ်ဖွဲ့တို့က အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနေအိမ်နှင့် ပြည်သူ့စစ်နေအိမ်တို့ကို မီးရှို့ခဲ့ရာမှ အခြားနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့သည်။

ကရင်ပူးပေါင်းတပ်ဖွဲ့တို့ မီးရှို့ခဲ့မှုကြောင့် ကမ်းနီကျေးရွာတွင် နေအိမ် ၂၁ လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ရိပ်သာကျေးရွာရှိ နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားခဲ့သည်။

၎င်းပြင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကမ်းနီရွာတွင်နေအိမ် ၃ လုံး၊ ညောင်ရိပ်သာရွာတွင် နေအိမ် ၁ လုံး၊ သရက်တောရွာတွင် နေအိမ် ၇ လုံးလည်း ပျက်ဆီးသွားခဲ့သည်။

တိုက်ပွဲကြောင့် ကမ်းနီရွားသားတစ်ဦးနှင့် သရက်တော ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။

လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာ၍အများပြည်သူများနေထိုင်သည့် ကျေးရွာ၊ လူနေရပ်ကွက်တွေမှာ တိုက်ပွဲမဖော်ဆောင်ကြရန်လည်း မွန်ပြည်သစ်ပါတီက တိုက်တွန်းထားသည်။

ကမ်းနီတွင် ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ ထပ်မံပေါ်ပေါက်ခဲ့ပါက ဒေသတွင်းရှိ မွန်ပြည်သူလူထုတို့ အနေဖြင့် မိမိတို့ဒေသတွင်း လုံခြုံရေးအစီအမံများအား ကြိုတင်ပြင်ဆင်ထားနိုင်ရန် အတွက် မွန်ပြည်သစ်ပါတီနှင့် ချိတ်ဆက်ဆောင်ရွက်ထားရန် မွန်ပြည်သစ်ပါတီက အသိပေး ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ကမ်းနီကျေးရွာနှင့် အနီးနားက သရက်တော၊ တံတာဦး၊ ကော့ကျိုက်၊ မိဂလုံ၊ ကော့ကာ ညောင်ရိပ်သာ၊ ကော့ခိုက် အစရှိသည့် ကျေးရွာ ၉ ရွာထက်မနည်းက ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေကြရပြီး ယနေ့အချိန်ထိ မပြန်ရဲကြသေးဘူးလို့ ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးနေသည့်အပြင် ကျေးရွာအတွင်း ခိုးဆိုး လုယက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးအစီအမံများချမှတ်၍ ရွားသားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...