ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့သားအဖကို ပျူစောထီးတွေ သေနတ်နဲ့ပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာရ

ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့သားအဖကို ပျူစောထီးတွေ သေနတ်နဲ့ပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ မင်းသားကျေးရွာမှာ ဆိုင်ကယ်စီးလာတဲ့ သားအဖကို ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သားဖြစ်သူထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၉) ရက်မနက်ပိုင်းက မိုင်(၆၀) ကျေးရွာကနေ ဦးမင်းလတ်နဲ့ သူ့ရဲ့သားဖြစ်သူ တို့ဟာ မင်းသားကျေးရွာဘက်ကို ဆိုင်ကယ်နဲ့လာနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာ ပါ။

"သူတို့က ဆင်ကူးရွာသားတွေ မိုင် ၆၀ မှာ ဥယျာဉ်ခြံမှာ လုပ်တာ။ သူတို့က တနင်္ဂနွေနေ့တိုင်း မင်းသားကျေးရွာက ဘုရားကျောင်းသွားနေကြ။ အဲဒါကို ပျူ အဖွဲ့က ဆိုင်ကယ်တားတာကို မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပစ်ခတ်ခံရမှုမှာ ဆိုင်ကယ်မောင်းနှင်တဲ့ ဖခင်ဖြစ်သူက ကျည်ထိမှန်တာမရှိဘဲ နောက်ကစီးလာတဲ့ သားဖြစ်သူမှာ လည်ပင်းနဲ့ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အတွက် ထားဝယ် ဆေးရုံကို တင်ပို့ထားရတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၅) ရက်နေ့က ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးအပါအဝင်(၃) ဦးပစ်ခတ် ခံရပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အဲဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ (၁၂) ဦးကို ဖမ်းဆီးထားပြီး မောရဝတီရေတပ်စခန်းမှာ စစ်ဆေးတာတွေလုပ်ဆောင်နေကာ ဒီနေ့အထိ ပြန် လွှတ်ပေးတာမရှိသေးဘူးလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးမယ်လို့ လိုက်လံ အသိပေးလာတာကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်အခဲဖြစ်နေကြတာပါ။

လက်ရှိအချိန်မှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်ကောင်စီ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခံထား ရတာကြောင့် ခြေလျင်၊စက်ဘီး၊ဘေးတွဲ၊ထော်လာဂျီတွေကို အသုံးပြုသွားလာနေရတယ်လို့ သိရ ပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...