ကျောက်မဲ အိမ်ခြေမဲ့ နေထိုင်သူ ဦးရေ (၁၀၀) ခန့်ရှိ၊ တစ်လကို အများဆုံး ၃ ဦး သေဆုံးနေ

ကျောက်မဲ အိမ်ခြေမဲ့ နေထိုင်သူ ဦးရေ (၁၀၀) ခန့်ရှိ၊ တစ်လကို အများဆုံး ၃ ဦး သေဆုံးနေ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့တွင် အိမ်ခြေမဲ့ နေထိုင်သူ ဦးရေ (၁၀၀) ခန့်ရှိပြီး တစ်လလျှင် အများဆုံး လူ ၃ ဦး သေဆုံးနေကြောင်း ပရဟိတအသင်း ထံမှ သိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ရွှေ့ပြောင်းပြီး အလုပ်လာရောက်လုပ်ကိုင်သူများမှာ ယခင်နှစ်တွေထက် ပိုများပြားလာနေသလို အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့် အလုပ်လက်မဲ့ဖြင့် နေထိုင်သူများလည်း ရှိနေသည်။

ထိုထဲတွင် အလုပ်အကိုင်မရှိသဖြင့် မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့နေထိုင်သူများမှာလည်း သင်္ချိုင်းဟောင်း၊ လူမနေသည့် နေရာများ နှင့် လမ်းကြိုလမ်းကြားတွင် နေထိုင်ရာ လူဦးရေ (၁၀၀) ခန့်ရှိပြီး ယခုဇန်နဝါရီလ ၂၅ ရက်ထိ အိမ်ခြေမဲ့ နေထိုင်သူ ၃ ဦး သေဆုံးနေကြောင်း နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီလထဲ ကျနော်တို့ သွားသယ်ပေးရတာ အလောင်း ၃ လောင်းရှိတယ်ဗျ။ အလောင်းကတော့ သင်္ချိုင်းဟောင်းတို့ နေရာမျိုး၊ ခြုံပုတ်ခြုံကြားနဲ့ လမ်းကြိုလမ်းကြား နေရာမျိုးတွေမှာ တွေ့ရတတ်တယ်ဗျ။ အဓိကတော့ သူတို့ အစာအာဟာရ ပြတ်တာရယ်၊ အအေးပတ်တာရယ်ကြောင့် ဆုံးသွားကြတာဗျ “ ဟု ၎င်းကပြောသည်။

ကျောက်မဲတွင် လောင်းကစားဝိုင်း ပေါများသည့်အပြင် ခိုးဆိုး လုယက်၊ သူခိုး၊ ဓားပြများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ နှင့် အိမ်ခြေမဲ့ နေထိုင်သူများမှာလည်း ယခင်နှစ်တွေထက် ပိုများလာသည့်အတွက် ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ပေါ်သို့ ရွှေ့ပြောင်းပြီး အလုပ်လာရောက် လုပ်ကိုင်သူများပြားသည်နှင့်အမျှ ဒေသခံ ပြည်သူများ မကြာခဏ ဆိုင်ကယ်လုယက်ခံရခြင်း၊ ပစ္စည်းခိုးခံခြင်း စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာတို့မှာ စိုးရိမ်မှု ကြီးထွားနေကြောင်းလည်း သိရသည်။

“ အခုတလော ကျောက်မဲမြို့မှာ ပစ္စည်းခိုးခံရတာ နဲ့ နေ့ခင်းပိုင်းမှာ ဆိုင်ကယ်လုယက်ခံရတာတွေက ခဏခဏ ကြုံနေရတယ်ဗျ။ လမ်းအကွေ့အကောက် လူပြတ်တဲ့နေရာတွေမှာ ပိုဖြစ်များတယ်။ ကျနော်တို့တွေတော့ ဒါကို စိုးရိမ်နေရတယ်။ တစ်နေ နေရာမှာ သွားမယ်ဆိုလည်း သတိထားပြီး သွားနေရတယ် “ ဟု ကျောက်မဲမြို့ဒေသခံ အသက် ၃၀ နှစ်ရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံ ပြည်သူများ၏ ပစ္စည်းခိုးခံရမှု၊ ဆိုင်ကယ်လုယက်ခံရမှု နှင့် ပတ်သက်ပြီး ကျောက်မဲမြို့နယ် ရဲစခန်းက ဖမ်းဆီးဆောင်ရွက်ပေးခြင်း တစ်ကြိမ်တစ်ခါမျှ မရှိကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် နီးပါးကာလတွင် သျှမ်းပြည် ကျောက်မဲမြို့အပြင် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ တောင်ကြီးမြို့ နှင့် တာချီလိတ်မြို့တွင်လည်း အိမ်ခြေမဲ့ နေထိုင်သူသည် တစ်လလျှင် ပျမ်းမျှ ၂ ဦး သေဆုံးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...