မိုင်းပန်မြို့နယ် ပြုလုပ်မည့် သျှမ်းအမျိုးသားနေ့ RCSS/SSA ပါဝင်မည်မဟုတ်

မိုင်းပန်မြို့နယ် ပြုလုပ်မည့် သျှမ်းအမျိုးသားနေ့ RCSS/SSA ပါဝင်မည်မဟုတ်

သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့ ပွဲအခမ်းအနား ကို လက်နက်ကိုင် တပ်ဖွဲ့ အနေဖြင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) မှ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသည် မိုင်းပန် မြို့ ရှမ်းစာပေ/ယဥ်ကျေးမှု အသင်း နှင့် ဒေသခံ ပြည်သူ လူထုပူးပေါင်းပြီး လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် RCSS အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပန်မှာ သျှမ်းအမျိုးသားနေ့အတွက် ပွဲလုပ်မယ်ဆိုတာက ရှမ်းစာပေယဥ်ကျေးမှုကနေ လုပ်တာဖြစ်ပါတယ်၊ မိုင်းပန်က ပွဲကို ကျနော်တို့ RCSS အနေနဲ့တော့ ပါဝင်မှာ မဟုတ်ဘူး၊ သျှမ်းအမျိုးသားနေ့ အခမ်းအနား ကို ကျနော် တို့ တပ်ဖွဲ့အနေနဲ့က ဌာနချုပ်မှာပဲ လုပ်ဖြစ်မှာပါ” ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA သည် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်ငြားလည်း သျှမ်းပြည်အတွင်း ပွဲတော် နှင့် အခမ်းအနား တစ်ခုခု ဦးစီးဦးဆောင်ပြုကာ စီစဥ်ဆောင်ရွက်ရန် ရှိပါက အာဏာပိုင် စစ်ကောင်စီတို့ထံ အကြောင်းကြားရမည် ဟု ဗိုလ်မှူးကြီး အုမ်ခေးက ဆက်ပြောသည်။

မိုင်းပန်မြို့အတွင်း သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲအတွင်း ပါဝင်စေရန် ဖိတ်ခေါ်သည့် ဖိတ်စာကိုလည်း ပွဲဖြစ်မြောက်ရေး ကော်မတီမှ တစ်ဆင့် သျှမ်းပြည် တခွင် အနယ်နယ် အရပ်ရပ်သို့ ဖိတ်စာပို့ လုပ်ဆောင်နေ ကြောင်း သိရသည်။

ပွဲခင်းဖိတ်စာအရ လာမည့် ဖေဖော်ဝါရီလ ၅/၆ ရက်နေ့တွင် ရောက်လာသည့် ဧည့်သည်များကို ကြိုဆိုဧည့်ခံခြင်း၊ ၇ ရက်တွင် သျှမ်းအမျိုးသား အခမ်းအနား နှင့် ဟောပြောပွဲ ကျင်းပခြင်း နှင့် ၉ ရက်နေ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့ ဆွေးနွေးခြင်း နှင့် ညနေပိုင်းအချိန်တွင် မိတ်ဆုံစားပွဲ အစီအစဥ် ရှိသည်ဟု ဖိတ်ကြားစာ အရ သိရှိရသည်။

ပြီးခဲ့သည့် နှစ်စဥ်နှစ်တိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အနေဖြင့် သျှမ်းအမျိုးသားနေ့ ကို ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ရပ်နီးရပ်ဝေး ပြည်သူများကို ဖိတ်ခေါ် ကျင်းပခဲ့သော်လည်း ကိုဗစ် – ၁၉ ကူးစစ်ပြီးသည့်နောက်ပိုင်း သျှမ်းအမျိုးသားနေ့ မကျင်းပနိုင်သည်မှာ ၃ နှစ်ရှိပြီ ဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...