မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့အကြားဖြစ်ပွားသည့် တိုက်ပွဲတွင် CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ငလိုင်ကျေးရွာကိုအင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် CDF-Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မောင်းပြန် (M4) သေနတ် ၂ လက်၊ ခါးချိူးသေနတ် ၂ လက်၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ယနေ့ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ထက် သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ ဒီရှေ့တန်း Post ကို နည်းနည်းလေး ပြန်ပြီးတော့ ဆုတ်ခွာလိုက်ရတယ်" ဟု CDF- Matupi တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ငလိုင်ကျေးရွာက လူနေအိမ်များကိုလည်း ဖောက်ထွင်းကာယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မနက် ပိုင်း ၇ နာရီခန့်တွင် အိမ်သုံးလုံးကို စက်ကြီးနှင့်ဖြိုခွင်း၍ နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Matupi က ဆိုသည်။

ငလိုင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...
May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...