ရိခေါဒါရ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

ရိခေါဒါရ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့တွင် ယနေ့ မနက်ပိုင်း ၉ နာရီကျော်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့နင့် အမည်မသိ လက်နက်ကိုင်တို့ကြား ပတ်ခတ်မှုဖြစ်ပွားတယ်လို့ သိရသည်။

ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်တောင်ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ တစ်ဘက် တောင်ကုန်းပေါ်မှ လှန်းပစ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ခုခံပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သော ကျည်ဆံများသည် မြို့တွင်း ကုန်တင်ကုန်ချကော်မတီရုံး အဆောက်အအုံပေါ် ကျရောက်ခဲ့ပြီး အဆောက်အအုံများ ပြက်ဆီးထိခိုက်မှုမရှိသော်လည်း ၎င်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦးရဲ့ လက်ကိုထိခိုက်ပြီး ဆေးရုံသို့ပို့ဆောင်ကာ စိုးရိမ်ရသော အခြေနေမရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်သူနှစ်ဦးမှာ တီအိုချောင်းကိုဖြတ်ကာ အိန္ဒိယနိုင်ငံဘက်သို့ ကူးလာချိန်တွင် အာသံရိုင်ဖိုင်တပ်ဖွဲ့က ခဲယမ်းများနင့်အတူ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံမှတစ်ဆင့် ကြားသိရသည်။

ယင်းပစ်ခတ်မှုကြောင့် အမှတ် ၂ ရပ်ကွက်နေ ပြည်သူများသည် တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြသော်လည်း ယခုအခါ ပြန်လည်ငြိမ်းသက်ပြီဖြစ်သောကြောင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီဟု သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...