မြန်မာ – ထိုင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါးဆက်တိုက်ဖမ်းမိ

မြန်မာ – ထိုင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါးဆက်တိုက်ဖမ်းမိ

မြန်မာ – ထိုင်း နယ်စပ်မျဥ်းတလျှောက်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှင့် ထိုင်းရဲတပ်ဖွဲ့များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရက်တပတ်အတွင်းတွင် မြန်မာဘက်မှ သယ်လာသည်ဟု ယူဆရသည့် မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ် ဖြတ်ကျော်သယ်ဆောင်လာသောအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁၁) ဦးခန့် ရှိခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ (၁၂) ရက် ထိုင်းစံတော်ချိန် နံနက် (၁) နာရီခွဲတွင် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝမ်ဟွေခိုက်ကျေးရွာအနီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူ နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၅) ဦး ရှိခဲ့ကြောင်း Maesaipress က ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ထိုင်းအာဏာပိုင်များ သွားရောက်စစ်ဆေးရာ ကျောပိုးအိတ် (၅) လုံး နှင့် ပစ္စတို (၁) လက် တွေ့ရှိခဲ့ပြီး ကျောပိုးအိတ်အတွင်း ယာမ ဆေးပြား (၅) သိန်းပြား တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ (၅) ဦးတို့သည် တာချီလိတ်မြို့နယ် ဖာခေါင်ကျေးရွာ နှင့် 3 km ကွာဝေးပြီး ထိုင်း – မြန်မာ နယ်စပ် မျဥ်း နှင့် (1.5) km နှင့်သာ ကွာဝေးကြောင်း ထိုင်းနိုင်ငံ သတင်းဖြစ်သည့် Maesaipress က ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ (၁၀) ရက်တွင်လည်း ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် မှလာသည့် ကား (၃) စီးကို ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကားတစ်စီး မြောင်းထဲသို့ ထိုးချသွားပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုကားမောင်းသည့် သူများ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက်တွင်လည်း ထိုင်း – မြန်မာ နယ်စပ်ဖြစ်သည့် ဖှန်မြို့နယ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ (၂၀) ဦးခန့် နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး (၆) ဦး သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ အာဏာပိုင်များ သွားရောက် စစ်ဆေးရာ သေဆုံးသူထံ သေနတ် (၃) လက်၊ လက်ကိုင်ဖုန်း (၄) လုံး နဲ့ မူးယစ်ဆေးဝါးပါသည့် ကျောပိုးအိတ် (၁၉) အိတ် အလေးချိန် (၃၀၀) ကီလို ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း – မြန်မာ နယ်စပ်တလျောက် မူးယစ်ဆေးဝါးအပြင် မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း အများအပြား ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...