စစ်ကောင်စီ ပေးအပ်သည့်ဘွဲ့ ကိုယ်တိုင် မတက်ယူသူများ တောင်ကြီးတွင် အခမ်းအနားဖြင့်ပြန်ပေး

စစ်ကောင်စီ ပေးအပ်သည့်ဘွဲ့ ကိုယ်တိုင် မတက်ယူသူများ တောင်ကြီးတွင် အခမ်းအနားဖြင့်ပြန်ပေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ကို (ဇန်နဝါရီ ၁၃) ရက်တွင် စစ်ကောင်စီတို့က တောင်ကြီးမြို့၌ လာရောက်ပေးအပ်ကြောင်း စုံစမ်းသိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ဇန်နဝါရီ လဆန်းပိုင်း (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် အာဏာသိမ်း စစ်ခေါင်းဆောင်မှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သူများကို ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ရာ နေပြည်တော်သို့ တက်ရောက် မယူသည့်သူများကို တောင်ကြီးမြို့တွင် ယနေ့ ဘွဲ့တံဆိပ်လာရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုထဲတွင် နေပြည်တော်သို့ ဝဏ္ဏကျော်ထင်ဘွဲ့ ကို တက်ရောက်မယူခဲ့သည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်စား ဗိုလ်မှူးကြီး ရှောင်းဟန်က ကိုယ်စားပြုကာ ဘွဲ့ တံဆိပ် တက်ယူခဲ့ကြောင်းလည်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုခဲ့သည်။

“ကျနော်တို့ ဥက္ကဌကြီးကိုယ်စား ဗိုလ်မှူးကြီး ရှောင်းဟန်က အစားထိုး တက်ယူပေးတာ အမှန်ဟုတ်ပါတယ်၊ ကျန်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ တောင်ကြီးတွင် ပြုလုပ်သည့် ဘွဲ့တံဆိပ် ပေးအပ်သည့် အခမ်းအနား တွင် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ်မှ တက်ရောက်ပေးအပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

RCSS/SSA ခေါင်းဆောင်၏ ဝဏ္ဏကျော်ထင်ဘွဲ့ အပါအဝင် သျှမ်းပြည်မှ တခြား စစ်ကောင်စီ ပေးအပ်သည့် ဘွဲ့တံဆိပ်ဆုရသည့် သူများအချို့ကိုလည်း တောင်ကြီးမြို့တွင် ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အတူ ဘွဲ့တံဆိပ် ဆု ရသူများကို ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည့် အခမ်းအနားလည်း လုပ်ဆောင်ခဲ့သော်လည်း RCSS/SSA ခေါင်းဆောင်က တက်ရောက်ခြင်း မရှိခဲ့ပေ။

စစ်ကောင်စီ ပေးသည့် ဘွဲ့ကို သျှမ်းပြည်သား (၅) ဦး လက်ခံရရှိခဲ့ပြီး၊ ထိုထဲတွင် ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဒု – ဥက္ကဌ (၂) စိုင်းမျိုးသန့်၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဌ လည်းဖြစ် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဒု – ဝန်ကြီးဟောင်း ဒေါက်တာ စိုင်းကျော်အုန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် သျှမ်းပြည်လွှတ်တော် ဥက္ကဌဟောင်းလည်းဖြစ်သည့် စိုင်းလုံးဆိုင် နှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ဖြစ်ကြောင်း သိရသည်။

ထို့ အတူပင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော EAOs တို့ ဆွေးနွေးပွဲ တွင် EAOs ၅ ဖွဲ့ တက်ရောက်ခဲ့ပြီး RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...