ထားဝယ်တိုက်ပွဲမှာ DGRF ဗျူဟာမှူးဖထီးကျဆုံး

ထားဝယ်တိုက်ပွဲမှာ DGRF ဗျူဟာမှူးဖထီးကျဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့သင်္ကန်းတုန်းကျေးရွာအနီး ဘဲမတ်တပ်တောင်တိုက်ပွဲမှာ အဖွဲ့ရဲ့ဗျူဟာမှူးဖထီး ကျဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ဘဲမတ်တပ်တောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ဗျူဟာမှူးအပြင် ဥသြစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းနေတဲ့ အသက် ၆၅ နှစ်အရွယ်ဖထီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဗျူဟာမှူးဖထီး ကျဆုံးသွားပေမယ့် ဖထီးဆုံးမသွန်သင်ခဲ့တဲ့ စကားတွေနဲ့ မပြီးသေးတဲ့တာဝန်တွေကို ရဲဘော်တွေအနေနဲ့ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF)က ထုတ်ပြန်ထားပါတယ်။

အဲဒီဘဲမတ်တပ်တောင်တိုက်ပွဲမှာ ဗျူဟာမှူးဖထီး ကျဆုံးခဲ့သလို PDF ရဲဘော် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု များပြားပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၈ ရက်နေ့က ဝကုန်းကျေးရွာကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံနေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဝကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာပါ။

July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...