တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ပါတယ်။

Southern Monitor အဆိုအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လတည်းမှာပဲ ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက် စီးခဲ့ရတယ်လို့ ဆိုထားပါတယ်

ဒါ့အပြင် ဒီဇင်ဘာလထဲမှာ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ်နဲ့တနင်္သာရီမြို့နယ်တွေထဲမှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီဘက် ခရီးသွားလာခွင့်ကန့်သတ်တာ၊ စစ်ဆေးမှုတွေ တင်းကြပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေဟာ အမိုးအကာနဲ့အနွေးထည် အကူအညီတွေ လိုအပ်နေတာပါ။

တနင်္သာရီတိုင်းထဲမှာတော့ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...