တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ပါတယ်။

Southern Monitor အဆိုအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လတည်းမှာပဲ ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက် စီးခဲ့ရတယ်လို့ ဆိုထားပါတယ်

ဒါ့အပြင် ဒီဇင်ဘာလထဲမှာ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ်နဲ့တနင်္သာရီမြို့နယ်တွေထဲမှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီဘက် ခရီးသွားလာခွင့်ကန့်သတ်တာ၊ စစ်ဆေးမှုတွေ တင်းကြပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေဟာ အမိုးအကာနဲ့အနွေးထည် အကူအညီတွေ လိုအပ်နေတာပါ။

တနင်္သာရီတိုင်းထဲမှာတော့ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...