ကျိုက်မရောမှာ စစ်တပ်လက်နက်ကြီးပစ်လို့ နေအိမ် ၂ လုံး ပျက်စီး၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်မရောမှာ စစ်တပ်လက်နက်ကြီးပစ်လို့ နေအိမ် ၂ လုံး ပျက်စီး၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး ရွာသား ၃၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့တံတားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီကနေ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၁ နာရီခွဲအချိန်ထိ တစ်ညလုံးနီးပါး လက်နက် ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချောင်းနှစ်ခွကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နေအိမ်၂ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်နေတာကြောင့် ချောင်းနှစ်ခွ၊ သရက်ကုန်း၊ ကော့စပ်ကျေးရွာတွေက ဒေသခံ ၃၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဟာ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေးရွာအနီးက ရော်ဘာခြံတွေထဲကို လာရောက်ပစ်ခတ်သွားသေးပေမယ့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...