အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား

အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းရရှိသည်။

ဇန်နဝါရီ ၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန်အနောက်ဘက်ခြမ်း ဘုရားနီးကျေးရွာ နှင့် သန်းတောင်ကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ သိရှိရသည်။

“ တိုက်ပွဲဖြစ်တာတော့ သေချာတယ်။ မနေ့က နေ့လည် ၁ နာရီခွဲလောက်မှာဖြစ်တယ်လို့ ကြားတယ်။ သတင်းအပြင်မထွက်အောင်တော့ ယာယီထိန်းထားတယ်ထင်တယ်” ဟု PDF နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲကြောင့် နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် အတည်ပြုချက်မရရှိသေးပေ။

“ သေဆုံးမှုတော့ရှိတယ်။ အခုလောလောဆယ် ညောင်ရွှေဆေးရုံမှာ သေဆုံးတဲ့ ရုပ်အလောင်းတွေ ရောက်ရှိနေတယ်လို့ကြားတယ်။ ဘယ်သူဘယ်ဝါလဲဆိုတာတော့ အသေချာမသိရသေးဘူး။ ဖမ်းဆီးခံရတာတွေ လည်းရှိတယ်တဲ့” ဟု အထက်ပါသူက ပြောသည်။

အလားတူ အင်းလေးဒေသခံတစ်ဦးကလည်း “ ကျနော်တို့လည်း အဲ့လိုကြားတယ်။ ဖမ်းခံရတာတွေ၊ သေဆုံးတာတွေရှိတယ်လို့ကြားတယ်။ ဘယ်သူဘယ်ဝါလည်းတော့ အသေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ယခု ၂၀၂၃ ခုနှစ်ထဲတွင် သျှမ်းပြည် တောင်ကြီးခရိုင် အင်းလေးကန်ဒေသအတွင်း စစ်ကောင်စီနှင့် သျှမ်းတောင် PDF တို့ ပထမဆုံးဖြစ်သည့်တိုက်ပွဲဖြစ်သည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...