ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေ အရပ်သားထိခိုက်မှုရှိ

ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေ အရပ်သားထိခိုက်မှုရှိ
ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများ
ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်မှုလည်းရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ် ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲတို့အကြား ဇန်နဝါရီလ၃ ရက်နေ့ ညပိုင်းကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

“မနေ့ညပိုင်းကတည်းက တပ်စခန်းတွေရှိတဲ့နေရာမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်။ တစ်ညလုံး ပစ်နေကြတာ။ မနက်ပိုင်းမှာလည်း ဆက်ဖြစ်နေကြတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်နေကြောင်း လက်ရှိတွင် အရပ်သား၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း ဒေခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးမြို့ခံများ ညပိုင်းကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး အနီးတဝိုက်ရှိ နို့တကော၊ တဒေး၊ တခါခီး၊ ကရာနီး၊ ဆိပ်ကြီးအစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“လက်နက်ကြီးပေါက်ကွဲသံတွေက တစ်ညလုံးကြားနေရတော့ ရွာသူရွာသားတွေလည်း ဘေးလွတ်မယ့်နေရာကို ညကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာနှင့် အနီးဝန်းကျင်တွင်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် တောင်စွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျောက်ဘီလင်း၊ ဆင်ပြေး၊ မယ်ဇလီ၊ ဝင်းခန၊ ခုံခန်းနှင့် အနန်းကွင်းကျေးရွာတို့မှ ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်ကူညီမှုတွေလည်း လိုအပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူလမ်းပေါ် တောင်စွန်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်း (၂) ခုကို KNLA ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှစပြီး ဒေသတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နေသည်ဟု သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...