KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်ကိုပို့ဆောင်

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်ကိုပို့ဆောင်

- ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပေမဲ့ အခုချိန်ထိ မိသားစုဝင်တွေနဲ့တွေ့ဆုံခွင့်မပေးသေးဘူးလို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်အင်အားတွေဖြည့်တင်းနေတယ်လို့ သိရပါတယ်။

- စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ စိတ်ဆုံးဖြတ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်တွေ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်ကို ဘယ်လိုခံစားချက်နဲ့ကျော်ဖြတ်နေကြသလဲဆိုတာ PDF လူငယ်တချို့ရဲ့ ရင်တွင်းစကားသံတွေကို နားဆင်ရမှာဖြစ်ပါတယ်။

Most read this week

December 29, 2025
- ၁၀ ကြိမ်မြောက် မွန်စာဆိုတော်နေ့ အခမ်းအနားကို မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ကျင်းပသွားမှာ...
December 28, 2025
- ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင် စစ်တပ်က...
December 27, 2025
- မွန်မှာ ဖမ်းဆီးထားတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို အရာရှိပိုင်းတွေက ပြန်လည်ရောင်းချနေတယ်လို့...
December 27, 2025
- ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကချင်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဘက်က  ထိုးစစ်ဆင်တာထက်...