ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ဝန်ထမ်း ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်းလုပ်ကွက်သို့ စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ဝန်ထမ်းများကို ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖားကန့်မြို့ အမျိုးသားတစ်ဦးက ပြောသည်။

”မှော်စီဆာအပိုင်းထဲက ဆင်စိန် ကုမ္ပဏီကို ဝင်စီးထားတယ်။ အဲ့မှာ ကုမ္ပဏီထဲက ကိုယ်စားလှယ်တစ်ချို့နှင့် စားဖိုမတွေကော ကျောက်ရှာတဲ့ လူတွေကော အဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားတုန်းဗျ ခုချိန်ထိ သူတို့ဘာကိုစစ်ဆေးနေတာလဲတော့မသိဘူး။ ခုထိ မထွက်သေးဘူး အခုနဲ့ဆို သုံးရက်ရှိပြီ”ဟု ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများတွင် အမျိုသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပြီး KNG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

”သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့လည်းဖြစ်နိုင်တယ် တခြားကတော့ သေချာမသိရဘူး”ဟု ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

စီးနင်းခံထားရသည့် ဆင်စိန် ကုမ္ပဏီသည် လတ်တလော ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။

စစ်ကောင်စီ စစ်သားများသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းကုမ္ပလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်းတပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်ကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...