မတူပီမြို့က ထွက်ပြေးသော စစ်ကောင်စီတပ်သား ၃ ဦး ပြန်ဖမ်းမိဟု ဆို

မတူပီမြို့က ထွက်ပြေးသော စစ်ကောင်စီတပ်သား ၃ ဦး ပြန်ဖမ်းမိဟု ဆို

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်က လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသော စစ်ကောင်စီတပ်သား ၃ ဦးကို ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းက ဘုံတလာရေတံခွန်အနီးဘက်တွင် ပြန်လည်ဖမ်းဆီးမိသည်ဟု သိရသည်။

အဆိုပါထွက်ပြေးသည့် စစ်ကောင်စီတပ်သားတို့သည် နယ်မြေမကျွမ်းကျင်သောကြောင့် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မတူပီဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာဖက် ဘုံတလာရေတခွန်အနီးမှာ သူတို့က ထွက်ပြေးဖို့ နယ်မြေကလည်း သိပ်မကျွမ်းကျင်ဘူး လမ်းလည်းမသိလို့ အဲ့မှာပဲ သောင်တင်တာနေမှာပေါ့။ အားလုံးပြန်တွေ့တယ်လို့ကြားတယ်။ ပြန်တွေ့လို့ ဗျူဟာမှုးက စိတ်ပျော်ပျော်နဲ့ ပြုံးပြုံးပဲလို့ ပြောကြတယ်” ဟု မတူပီမြို့ခံက ပြောသည်။

၎င်းစစ်ကောင်စီတပ်သားတို့သည် ဒီဇင်ဘာ ၁၄ ရက်နေ့က လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များက မြို့အဝင်/အထွက်အားလုံးပိတ်ပင်ကာ နေရာအနှံ့ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား ပြန်လည်ဖမ်းမိပြီးနောက် မတူပီ မြို့အဝင်/အထွက်ဂိတ်များ ပြန်လည်ဖွင့်ပေးခဲ့ပြီး လေမျိုချောင်းတွင်ပိတ်မိနေသော ပခုက္ကူမှ မတူပီမြို့သို့ တက်လာသည့် ခရီးသည်ကား (၄) စီးသည်လည်း မတူပီမြို့ထဲသို့ဝင်ရောက်လာပြီဖြစ်ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...