အာဏာသိမ်း စစ်ခေါင်းဆောင် မြစ်ကြီးနား နှင့် ပူတာအိုမြို့တွင် ရောက်ရှိနေ

အာဏာသိမ်း စစ်ခေါင်းဆောင် မြစ်ကြီးနား နှင့် ပူတာအိုမြို့တွင် ရောက်ရှိနေ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ယနေ့နံနက်ပိုင်းတွင် ပူတာအိုဒေသခံများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယမန်နေ့က တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်ဟု ပူတာအိုဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။

“အမျိုးသားလေကြောင်းလိုင်းနဲ့ ၆ နာရီလောက်မှာ ပူတာအိုကို ရောက်လာတယ်။ ပူတာအိုက ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ အကုန်လုံးကို သွားကြိုခိုင်းလို့ သွားကြိုခဲ့ကြတယ်။ ပူတာအိုကို ဘာလို့ရောက်လာတယ် ဆိုတာက အသေးစိတ် မသိရသေးဘူး။” ဟု ပြောဆိုသည်။

တွေ့ဆုံမှုတွင် ပူတာအိုဒေသခံတစ်ချို့၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း ပူတာအိုမြို့သို့ ရောက်ရှိလာသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ကောင်းမှုလုံ ဘုရားသို့ သွားရောက်ဖို့လည်းရှိကြောင်း စစ်တပ်နှင့် နီးစပ်သူများ ပြောဆိုသည်ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆက်ဆိုသည်။

“သူတို့ပြောတာက ဘုရားလာဖူးတယ်လို့ပဲပြောတယ်။ ဒီတစ်ခုထဲအတွက်ပဲ မဖြစ်နိုင်ဘူးလို့ပဲမြင်တယ်။ ပြည်သူတွေကို စည်းရုံးရေး လာလုပ်တာပဲ။ သူတို့ လာတဲ့ပုံစံကလည်း ဘယ်သူ့ကိုမှ အသိမပေးဘူး လုံခြုံရေး စိုးရိမ်လို့ထင်တယ်။ ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာပဲ ဘာတွေပြောမလဲဆိုတာ သိရမှာပေါ့” ဟု ပြောဆိုသည်။

ပူတာအိုမြို့တွင် နံနက်ပိုင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုပြီးနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ဘက်သို့ ပြန်ခေါက်ရန် ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင်ကလည်း ပူတာအိုမြို့သို့ လာရောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ယခုတစ်ခေါက်မှသာ ရုတ်တရက်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများ ထံမှ သိရပါသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...