ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီးတွင် ရွှေတူးဖော်ရန် စက်လှေ များထပ်မံရောက်ရှိလာ၍ နေ့ည မနား ရွှေတူးဖော်မှုအများအပြားလုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရွှေတူးဖော်သည့် စစ်လှေများ ၁၀ စီးထက်မနည်းရောက်ရှိလာပြီး ရွှေတူးဖော်မှုများ ရှိနေသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“အရင်တုန်းက လုပ်ခဲ့တဲ့ နေရာဟောင်းမှာ ပြန်လုပ်ဖို့ရောက်လာတာ ဒီတစ်ကြိမ်က သုံးစီးလောက်နဲ့ စတင်ဝင်လာတာ အခုကများလာပြီ တူးတဲ့သူတွေက အောက်ပိုင်းကနေတက်လာတဲ့သူတွေလည်းပါတယ်။ နောက် ဒေသခံတွေလည်းပါတယ်။ နယ်ရာစုံကနေ လာလုပ်နေကြတယ်”ဟုပြောဆိုသည်။

လက်ရှိ ရွှေတူးဖော်နေသည့် ဧရာဝတီမြစ်ထဲ၌ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားနှင့် ပေ ၅၀၀ နှင့် ၁၅၀၀ ခန့်အကွာတွင်ရှိပြီး ရွှေတူးဖော်နေသည့်နေရာသည်  ယခင်တစ်ကြိမ်လာရောက်တူးဖော်မှုကြောင့် ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားရင်ပြင် ပျက်စီးမှုရှိလာသည့်အတွက် ဒေသခံပြည်သူများနှင့် သံဃာတော်များက မေတ္တာရပ်ခံပြီး ရပ်နားထားသည့်နေရာဖြစ်သည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။

“စစ်လှေအကြီးကြီးတွေ  စစ်ကြီးတွေနဲ့ လုပ်တော့ ဘုရားရင်ပြင်နဲ့ နီးလို့ ဘုရားရင်ပြင်တောင်အက်ကွဲလာတာ အဲ့တုန်းက အဲ့ကြောင့်သံဃာတော်တွေနဲ့ ဒေသခံတွေ ၂၀၀ လောက်သွားပြီး မလုပ်ကြဖို့ တောင်းပန်ခဲ့ကြတာဟုတ်တယ်။ အဲ့နောက်မှ ထွက်သွားကြတာ အခုပြန်ရောက်လာကြတယ်။ သူတို့ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဘုရားက ပျက်စီးလာနိုင်တယ် သူတို့ လုပ်နေတာ ဘုရားဧရိယာထဲမှာကြီးဆိုတော့ သဲတွေဖုံးပြီးပျက်စီးသွားမှာ”ဟုပြောဆိုသည်။

အဆိုပါ ရွှေတူးဖော်သည့် စက်လှေများသည် ၂၀၂၂ခုနှစ် ဇွန်လနောက်ပိုင်းမှစ၍ ဝင်ရောက်တူးဖော်လာခဲ့ကြပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ဩဂုတ်လ လဆန်းပိုင်းအတွင်းမှ ထွက်ခွာသွားကြရာ ယခုတဖန် ပြန်လည်တူးဖော်လာခြင်းဖြစ်ဟု ဒေသခံများပြောသည်။

ဒေသခံများနှင့် သံဃာတော်များသည်လည်း ဘုမ္မိဇေယျဘုရားနယ်မြေအတွင်း ရွှေတူးဖော်ခွင့်မရရှိအောင် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ပြီး ယင်းကျွှန်းပေါ်တွင် စိုက်ခင်းလုပ်ကိုင်နေသည့် ဒေသခံစိုက်ခင်းများ ပျက်စီးမှုများမလိုလားအပ်နေသောကြောင့် ကန့်ကွက်နေကြောင်းဖြစ်သည်ဟု သိရသည်။

ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ၂၀၂၁ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာ တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုများပြားလာကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...