အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး
အင်ဂန်းကျေးရွာ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့သည့် မိသားစုဝင်များ၏ ရုပ်အလောင်ဖြစ်တယ်။
အင်ဂန်းကျေးရွာ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့သည့် မိသားစုဝင်များ၏ ရုပ်အလောင်ဖြစ်တယ်။

ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင်ယမန်နေ့ညနေအိမ်မီးလောင်မှုဖြစ်ပွားပြီးမိသားစုဝင်၇ ဦး သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်ည၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာကလေး ၆ဦး နှင့် သက်ကြီးရွယ်အို တစ်ဦးစုစုပေါင်း ၇ ဦး အသက်သေဆုံးခဲ့ရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးKNGကိုပြောသည်။

“ဝါယာရှော့ခ်ဖြစ်ပြီး အိမ်အောက်ကနေ မီးစလောင်လာတာ။ အမေဖြစ်သူက အညော်နံ့ရတော့ အောက်ဆင်းသွားပြီး သွားငြိမ်းသတ်ကြည့်တာ မရတော့ဘူး။ အိမ်အောက်မှာ ဓါတ်ဆီနဲ့ ဒီဇယ် ၂ ဂါလန်က ရှိနေတော့ အဲ့ဒီကနေ ပြန်လောင်ပြီး ပိုးဆိုးသွားတော့ သူလည်းအပေါ် တက်မရ၊ အပေါ်ကလူတွေလည်း ဆင်းမရ၊ အခုက အဘွားဖြစ်သူနဲ့ အတူ မောင်နှမ အားလုံးပါသွားတာပေါ့။”ဟု ပြောသည်။

သေဆုံးသွားသည့် မိသားစုဝင်များသည် ဒေါ်အင်ဂန်းခါး (အသက် ၇၀ နှစ်) ၊ မရန်ဂျာဆိုင်းနန် (အသက် ၁၁ နှစ်) ၊ မရန်ဘောက်ဂျာ(အသက် ၉ နှစ်) ၊ မရန်ရွယ်ဆိုင်း(အသက်၇ နှစ်)၊ မရန်ထုရှန်(အသက် ၆ နှစ်)၊ မရန်မွန်းအောင်(အသက် ၄ နှစ်) ၊ မရန်ရိန်ကျိန်(အသက် ၂ နှစ်) စုစုပေါင်း ၇ ဦးဖြစ်သည်။

မီးလောင်ခဲ့သော နေအိမ်မှာအင်းဂန်းရွာထိပ်မှ ဦးမရန်ဇော်လိုင်၏နေအိမ်ဖြစ်ပြီး ဖခင်ဖြစ်သူ လယ်ယာခင်း၌ အလုပ်ဝင်နေချိန် အိမ်တွင် အဘွားဖြစ်သူနှင့်အတူ သားအမိများရှိနေစဉ် ထိုသို့ကြုံရပြီး  မိခင်ဖြစ်သူသာ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။

နေအိမ်နှင့်အတူ မိသားစုဝင်များ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် ကူညီမှုများလိုအပ်နေကြောင်းလည်း ကျေးရွာတာဝန်ရှိသူများကတောင်းဆိုထားပါသည်။

April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...
April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...