မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ပြေးဆွဲမည်

မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ပြေးဆွဲမည်
မော်လမြိုင်လေဆိပ်
မော်လမြိုင်လေဆိပ်

မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်အသစ်ကို လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့မှစကာ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်း ခရီးစဉ်အသစ်ကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲသွားမည်ဟုလည်း သိရသည်။

“မော်လမြိုင်လေဆိပ်မှာတော့ ဒီ ၅ ရက်နေ့ကစမယ်၊ တစ်ပတ်မှာ နှစ်ရက်ပေါ့၊ လေယာဉ်ပြေးဆွဲမှာက” ဟု လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူ ဦးအောင်ကြည်သိန်းကပြောသည်။

မော်လမြိုင်-ရန်ကုန် လေယာဉ်လက်မှတ်ကိုတော့ တစ်စောင်လျှင် ၁၄၇၀၀၀ ကျပ် သတ်မှတ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးရုံးမှ သိရသည်။

လက်ရှိတွင် မော်လမြိုင်-ရန်ကုန် ခရီးစဥ်သာရှိပြီးရန်ကုန်-မော်လမြိုင် သီးသန့်ခရီးစဥ် မရှိသေးကြောင်း ရန်ကုန်မှ မော်လမြိုင်သို့ လာရောက်လိုပါက ရန်ကုန်-ကော့သောင်း- မော်လမြိုင်ခရီးစဉ်အတိုင်း လိုက်ပါစီးနင်းရပါမည် ဟုလည်း  လေကြောင်းပို့ဆောင် ရေးရုံးတာဝန်ရှိသူက ပြောသည်။

မော်လမြိုင်မှ ရန်ကုန်သို့ ယခင်က လေကြောင်းလိုင်းဖြင့် ခရီး သွားလာနိုင်သော်လည်း ယခုနောက်ပိုင်းတွင် မော်လမြိုင်-ရန်ကုန်လေကြောင်း ခရီးစဥ်မရှိသည့်အတွက် ကုန်းလမ်းခရီးဖြစ်သည့် ကားနှင့် မီးရထားခရီးစဥ်ကိုသာ အသုံးပြုနေကြရသည်။

လက်ရှိတွင် စစ်တောင်းတံတာရှိ ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်တွင် ရက်နှင့်ချီ ခရီးကြန့်ကြာနေသည့် အတွက် ကားဖြင့် ခရီးသွားလာသူများ အထူးသဖြင့် အရေးပေါ်လူနားများအတွက် အခက်အခဲကြုံတွေ့နေကြရသည်။

ထိုကြောင့် ခရီးသွားလာရန် အခက်အခဲကြုံတွေ့နေရချိန်တွင် မီးရထားခရီးစဥ်သာမက ယခုလို လေယာဉ်ခရီးစဥ် ပြေးဆွဲပေးသည့်အပေါ် ကြိုဆိုကြောင်း မော်လမြိုင်မြို့ခံ ပရဟိတသမားတစ်ဦးက ပြောသည်။“မွန်ပြည်နယ်မှာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခက်ခဲတွေကတော့ ပရဟိတအရေးပေါ် ကားတွေပေါ့၊ လူနားတွေကို သွားပို့တာ ၅ ရက်လောက် ကြာတယ်၊ ညောင်ခါးရှည်ဂိတ်မှာ စောင့်ဆိုင်နေရတဲ့အတွက် သေဆုံးသွားတဲ့လူနာလဲရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-ရန်ကုန် လမ်းခရီးတလျှောက်တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်းနှင့် ယခုအခါ ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာနေသည့်အတွက် မီးရထားဖြင့် ခရီးသွာလားသူများလာသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...