မတူပီမြို့တွင် မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး သေဆုံး

မတူပီမြို့တွင် မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး သေဆုံး
မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားသော ဦးရာပဲန်း
မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားသော ဦးရာပဲန်း

ချင်းပြည်နယ် မတူပီမြို့တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၆) နှစ်ရွယ် ဦးရာပဲန်းဟုသိရပြီး ယနေ့ မနက်ပိုင်း ၉ နာရီခန့်က ဇနီးသည်နှင့်အတူ ခြံထဲသို့အတူသွားကြရာမှ မြေမြုပ်မိုင်းနင်းမိကာ ဦးရာပဲန်းမှာ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာလည်း ခြေထောက်ဒဏ်ရာကြောင့် မတူပီမြို့ ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူက နွားနောက်ခြံရှိတယ် အကောင်ကများတယ်။ အခုက ဒုတိယအကြိမ်သွားတာဖြစ်မှာပေါ့ လင်မယားနှစ်ယောက်သွားပြီးတော့ ဒီနေ့သွားကြည့်ကြတော့ သူ့အမျိုးသား ဦးရာပဲန်းက မိုင်းမိပြီးပေါက်လို့ ၁ နာရီလောက်အသက်ရှိတယ် အခုတော့ ဆုံးသွားပြီ။ သူ့အမျိုးသမီးက ခြေထောက်မှာ ဒဏ်ရာရသွားတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းအနီးတွင် ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်လည်းရှိသည်ဟု သိရသည်။

မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သည့် ဦးရာပဲန်းသည် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား (၂) ယောက်နှင့် ဇနီးကျန်ခဲ့ကြောင်း သိရသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...