“လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတဲ့သတင်းမှား

“လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတဲ့သတင်းမှား

ဒီသတင်းအမှားကို နေသူရဆိုတဲ့ အကောင့်ကနေပြီး“အရေးတော်ပုံအောင်နေပြီဆိုတဲ့ လောင်းလုံမြို့နယ်က PDF အဖွဲ့ ရှင်းလင်းခံရ…တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်က PDF အဖွဲ့ရှင်းလင်းခံရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ လောင်းလုံမြို့နယ် ညောင်ပြင်ရွာအနီးမှာ ခိုအောင်းနေတဲ့ PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်းခဲ့တာလို့ဆိုပါတယ်။ ဒီရှင်းလင်းမှုမှာ PDF အလောင်း (၂) လောင်း၊ လက်လုပ် သေနတ်(၂) လက်နဲ့ ရိက္ခာ ဂိုထောင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

လောင်းလုံမြို့နယ် PDF ရဲ့ထုတ်ပြန်ချက်မှတော့ “လောင်လုံးမြို့နယ် တောင်ကျောတစ်ခုကို အင်အား (၁၀၀)ကျော် လက်နက်ကြီးများနဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် စခန်းအား လက်လွှတ်ခဲ့ပြီး ထိပ်တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် မိဘပြည်သူများဆင်ခြင်သွားလာပေးဖို့တိုက်တွန်းထားပြီး စခန်းကိုတော့ စစ်ကောင်စီတပ်မှ ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ပြီး မီးရှို့ပစ်ခဲ့ကြတယ်။ လောင်းလုံ PDF စခန်းမှ မိုင်းအလုံး (၃၀)နဲ့ စုဆောင်းထားတဲ့ ရိက္ခာများကို စစ်ကောင်ဘက်မှ သိမ်းဆည်းသွားတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    

နေသူရဆိုတဲ့ အကောင့်မှာဖော်ပြထားသလို “လောင်းလုံမြို့နယ်က PDF အဖွဲ့တွေကို ပြည်သူတွေက လက်မခံတော့တာကြောင့် သတင်းပေးပြီး ရှင်းလင်းခိုင်း” ဆိုတာသတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...