မွန်ပြည်နယ်တွင် ခိုးမှု လုယက်မှုအပြင် လူသတ်ပြီး လုယက်သည့်ဖြစ်စဥ်ပါ ပိုများလာ

မွန်ပြည်နယ်တွင် ခိုးမှု လုယက်မှုအပြင် လူသတ်ပြီး လုယက်သည့်ဖြစ်စဥ်ပါ ပိုများလာ
ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

မွန်ပြည်နယ်အတွင်း ခိုးမှု၊ လုယက်မှုဖြစ်စဥ်များ နေ့စဥ်နှင့်အမျှဖြစ်ပေါ်နေပြီး ယခုအခါ လူသတ်ပြီး လုယက်သည့်ဖြစ်စဥ်များလည်း ပိုများလာသည်ဟု ဒေသခံပြည်သူတို့ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အလုပ်အကိုင်ရှားပါးမှုပြဿနာကြောင့် စားဝတ်နေရေး ကြပ်တည်းလာသည်နှင့်အမျှ ခိုးမှု လုယက်မှုတွေလည်း ပေါများလာခြင်းဖြစ်သည်။

ခိုးမှု လုယက်မှုများသည် ညဘက်တွင်သာမက နေ့ခင်းဘက်တွင်ပါ ဖြစ်ပေါ်နေကြောင်း အထူးသဖြင့် တက္ကစီမောင်းသူတွေ သတ်ဖြတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဥ်လည်း ပိုများလာသည်ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

 “ စားဝတ်နေရေး မပြေလည်တာတွေကြောင့်ရယ်၊ ပိုကြပ်တည်းလာတာတွေကြောင့် တစ်ချို့မလုပ်ဖူးတဲ့ သူတွေတောင် ဒီလိုဒုစရိုက်အလုပ်တွေ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။

အကျဥ်းသားများ လွှတ်ပေးနေသည့်အပေါ် သူခိုး ဓားပြတွေ ပိုများလာစေသည့် အကြောင်းအရင်းတစ်ခုဖြစ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ခိုးမှု လုယက်မှုနှင့် လူသတ်မှုဖြစ်စဥ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတွင် တိုင်ကြားနိုင်ရေး အခက်အခဲရှိနေပြီး အမှုဖွင့်တိုင်ကြားနိုင်ခဲ့သော်လည်း အရေးတယူဆောင်ရွက်ပေးတာမရှိဘူးလို့လည်း ကာယကံရှင်တို့ထံမှ သိရသည်။

“ကိုယ်ထိ ကိုယ်ခံ အဲလိုမျိုးဖြစ်နေတယ်၊ ကိုယ့်ပစ္စည်းခိုးခံထိလို့ တိုင်ကြားရင်လည်း ဘာမှ မထူးဘူး၊ ပျောက်ပြီးရင် ပြန်ရဖို့မရှိဘူး၊ တချို့ဆို တိုင်ရင်လည်း မထူးလို့ တိုင်ကို မတိုင်ကြတော့တာ၊ ဒီ့အပေါ်မှာ

သူခိုးတွေအတွက် အခွင့်အရေးလိုမျိုးဖြစ်နေတာ” ဟု ဆိုင်ကယ်ခိုးခံထိထားသည့် မုဒုံဒေသခံတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုနှင့် လူသတ်ပြီးပစ္စည်းလုယက်သည့် ဖြစ်စဥ်အများစုတွင်လည်း ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့လည်း ဒေသခံတို့က ပြောသည်။

ရဲတပ်ဖွဲ့များအနေဖြင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုး ဓားပြ လူသတ်တရားခံတွေကို နှိမ်းနင်းရမည့်အစား စစ်ကောင်စီဆန့်ကျင်သူတွေကိုသာ ဖမ်ဆီးနှိမ်နင်းမှု ပြုလုပ်နတာကြောင့် ဒုစရိုက်သမားများ ပိုမိုများပြားလာသည်ဟုလည်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

မွန်ပြည်နယ်အတွင်း၌ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု လုယက်မှုများ သိသိသာသာ များပြားလာကြောင်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသတွေမှာလည်း ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာသည်ဟုလည်း သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...