မော်လမြိုင်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

မော်လမြိုင်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေ ဇေယျာသီရိရပ်ကွက် (၃) တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး၊ လက်နက်များနှင့်အတူ အထူးမြေအောက်လှုပ်ရှားမှုအင်အားစု အမည်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မော်လမြိုင် ဇေယျာသီရိရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်တွင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရရှိရာမှ စစ်ကောင်စီတပ်ဖွဲ့ အင်အား (၃၀၀) ခန့် တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ၅ နာရီခွဲအချိန်ခန့်တွင် သွားရောက်ဖမ်းဆီးစဥ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

"ညက ၈ နာရီလောက်အထိကို ပစ်နေတာ၊ စက်သေနတ်နဲ့ ချတာ အသံတွေ ဆက်တိုက်ပဲ သူတို့ (စစ်တပ်)က အင်အားနဲ့လာတာ၊ သူတို့က အော်ပြီး ရပ်ကွက်က လူတွေကို အပြင်ထွက်ခိုင်း ပြောင်းခိုင်းတယ်” ဟု ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားဖြစ်သူတို့ သေဆုံးသွားပြီး ၎င်းတို့ဘက်က အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦး လက်နက်ငယ် ၃ လက်နှင့်အတူ ဖမ်းဆီးခံရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်နှင့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ပိတ်ဆို့ခံရသဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တစ်ခုလုံးအပြင် မြို့အဝင်အထွက်နေရာတွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့သော်လည်း ယနေ့နံနက်ပိုင်းမှာတော့

 

ပြန်ဖွင့်ပေးလိုက်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်ကတော့ မော်လမြိုင်ပစ်ခတ်မှုမှာ PDF ၆ ဦး ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...