မော်လမြိုင်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

မော်လမြိုင်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေ ဇေယျာသီရိရပ်ကွက် (၃) တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး၊ လက်နက်များနှင့်အတူ အထူးမြေအောက်လှုပ်ရှားမှုအင်အားစု အမည်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မော်လမြိုင် ဇေယျာသီရိရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်တွင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရရှိရာမှ စစ်ကောင်စီတပ်ဖွဲ့ အင်အား (၃၀၀) ခန့် တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ၅ နာရီခွဲအချိန်ခန့်တွင် သွားရောက်ဖမ်းဆီးစဥ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

"ညက ၈ နာရီလောက်အထိကို ပစ်နေတာ၊ စက်သေနတ်နဲ့ ချတာ အသံတွေ ဆက်တိုက်ပဲ သူတို့ (စစ်တပ်)က အင်အားနဲ့လာတာ၊ သူတို့က အော်ပြီး ရပ်ကွက်က လူတွေကို အပြင်ထွက်ခိုင်း ပြောင်းခိုင်းတယ်” ဟု ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားဖြစ်သူတို့ သေဆုံးသွားပြီး ၎င်းတို့ဘက်က အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦး လက်နက်ငယ် ၃ လက်နှင့်အတူ ဖမ်းဆီးခံရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်နှင့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ပိတ်ဆို့ခံရသဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တစ်ခုလုံးအပြင် မြို့အဝင်အထွက်နေရာတွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့သော်လည်း ယနေ့နံနက်ပိုင်းမှာတော့

 

ပြန်ဖွင့်ပေးလိုက်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်ကတော့ မော်လမြိုင်ပစ်ခတ်မှုမှာ PDF ၆ ဦး ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...