မွန်ပြည်နယ်တွင် တစ်ရက်အတွင်း ရှေးဟောင်းဘုန်းကြီးကျောင်းနှစ်ကျောင်း မီးလောင်

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း ရှေးဟောင်းဘုန်းကြီးကျောင်းနှစ်ကျောင်း မီးလောင်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘို့တောင်ကျေးရွာ နှစ်တစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းခြင်း
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘို့တောင်ကျေးရွာ နှစ်တစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းခြင်း

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း နှစ်တစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်း နှစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘို့တောင်ကျေးရွာ နှစ်တစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှုကြောင့် ကျောင်းကြီးအတွင်းရှိပစ္စည်းများနှင့် အမိုးအကာများ မီးလောင်ကျွမ်းပျက်စီးသွားပြီး နံနက် ၉ နာရီခွဲလောက်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

“မီးလောင်သွားတာက ဝါယာရှော့ဖြစ်သွားတယ်လို့ ပြောကြတယ်၊ ထိခိုက်ဒဏ်ရာရတဲ့လူတော့မရှိဘူး၊ မီးထဲပါသွားတဲ့ တန်းဖိုးတော့များတယ်” ဟု စေတနာလူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုအတူ မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့က နှစ်တစ်ရာကျော်သက်တမ်းရှိ သိမ်ဆိပ်ဘုန်းကြီးကျောင်းလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ၏သိမ်ဆိပ်ဘုန်းကြီးကျောင်းသည် ပန်ကာ အပူလွန်ကဲရာမှ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က မီးစတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက် ၂ နာရီအချိန်တွင် မီးငြိမ်သတ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။



သုဝဏ္ဏဝတီမြို့က နှစ်တစ်ရာကျော်သက်တမ်းရှိ သိမ်ဆိပ်ဘုန်းကြီးကျောင်းမီးလောင်ကျွမ်းခြင်း

"ပန်ကာကနေမီးစလောင်တာပေါ့ မီးထဲပါသွားတဲ့ တန်းဖိုးတော့ မသိဘူး၊ မီးလောင်တဲ့အထဲမှာ ကား နှစ်စီး၊ ဆိုင်ကယ် ၃ စီးတော့ ပါသွားတယ်” ဟု လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နှစ်တစ်ရာကျော်သက်တမ်းရှိ ဝဲဘို့ဘုန်းကြီးကျောင်းနှင့် သိမ်ဆိပ်ဘုန်းကြီးကျောင်းတို့တို့ မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ေရးအဖွဲ့နှင့် ဒေသခံတို့က ဝိုင်းဝန် မီးငြိမ်သတ်ခဲ့ကြသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

 

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...