တာချီလိတ် သံဃာတော် ၁ ပါး ရုပ်အလောင်းတွေ့ရှိ

တာချီလိတ် သံဃာတော် ၁ ပါး ရုပ်အလောင်းတွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စု လွယ်တော်ခမ်း သဘာဝ တရားရိပ်သာ ကျောင်းအနီးတွင် သေဆုံးနေသော သံဃာတော် တစ်ပါး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက် နေ့လည် ၁ နာရီ ဝန်းကျင်တွင် သဘာဝ ဝာရားရိပ်သာကျောင်း အနီး ဝါးရုံတောထဲ၌ အသက် (၅၀) ဝန်းကျင် သံဃာတော်တစ်ပါး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဉီးလှမိုး ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပုတ်ပွနေပြီး သေနေတယ်ဆိုတော့ ပြင်ပ ဒဏ်ရာ၊ ဒဏ်ချက် လည်းမတွေ့ရဘူး။ ဆေးရုံလည်း ပို့လို့မရတဲ့ အနေအထား၊ ရုပ်လည်းဖမ်းလို့ မရတော့ဘူး။ ဘယ်သူ ဘယ်ဝါမှန်းလည်း မသိတော့ ဘွဲ့အမည်၊ နေရပ်လိပ်စာ မသိရဘူး။ တစ်ခါတည်း အလောင်းကိုယူပြီး မီးသင်္ဂြိုလ်လိုက်တယ်“ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးနေသော သံဃာတော် တစ်ပါးသည် သဘာဝ တရားရိပ်သာကျောင်းမှ သံဃာတော်များ မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ အဲ့နားမှာ ပျံကျ နေထိုင်တဲ့ သူတွေ များတယ်လို့ ပြောတယ်။ တချို့ မူးယစ်ဆေးဝါးသုံးတဲ့ သူတွေက နောက်ဆုံးနေစရာမရှိဘဲ ဘုန်းကြီးဝတ်ပြီး ကျောင်းနေတာလည်း ရှိတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ သဘာဝ တရားရိပ်သာကျောင်းကတော့ ဒီသံဃာတော်က သူတို့ကျောင်းက မဟုတ်ဘူးလို့ ပြောထားတယ်။ တာချီလိတ် မှာတော့ တခြား ဒေသတွေလို မဟုတ်တော့ အဲ့လိုအလောင်းတွေ ခဏခဏ တွေ့တတ်ပါတယ်“ ဟု ၎င်း အထက်ပါ ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့တွင်လည်း တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ခု အတွင်းမှ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...