ဟားခါးမြို့နယ်တွင် ဗုံးကြဲခံရ၍ ကလေးငယ် ၂ ဦးသေဆုံး၊ ဗုံးကြဲသည့် စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက်ခံရကာ ၅ဦးသေဆုံး

ဟားခါးမြို့နယ်တွင် ဗုံးကြဲခံရ၍ ကလေးငယ် ၂ ဦးသေဆုံး၊ ဗုံးကြဲသည့် စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက်ခံရကာ ၅ဦးသေဆုံး

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘွန်လုံးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်ရာတွင် သေဆုံးဒဏ်ရာရရှိသွားသည့် ကလေးများအတွက် လက်စားချေ ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦီးထက်မနည်း သေဆုံးသွားကြောင်း ဆဲင်ထန်းကောင်စီက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဟားခါးမြို့နယ် ကျောဘုတ်စစ်ဆေးရေးစခန်းအား သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ များပြားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ဘွန်လုံးကျေးရွာ‌ပေါ်သို့ ဒရုန်းလွှတ်တင်ကာ အပြစ်မဲ့ ရွာသူရွာသားများအပေါ် စာနာမှုကင်းမဲ့စွာ ဗုံးသီးလွှတ်ချမှုကြောင့် ကလေးငယ်နှစ်ဦးဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် က တိပေးထားခဲ့သည့်အတိုင်း CDF – Hakha – Battalion (2) (Senthang)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကားအကြီးသုံးစီး ၊ အသေးနှစ်စီးဖြင့် ကောက်ယူသယ်ဆောင်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဂျဲမ်းရှမ်းဇာအုပ် (အသက်၆နှစ်) ၊ ဟင်နရီ ဘွေဇလျန်း (အသက်၇နှစ်) တို့ အသက်ဆုံးရှုံးခဲ့ပြီး မူကြိုကျောင်းသူ နန်စီ ပြင်းထန်စွာဒဏ်ရရှိခဲ့မှုအတွက် ဝမ်းနည်းကြောင်း ဆဲင်ထန်း ကောင်စီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၁ရက်နေ့ကလည်း ယင်းသို့ ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရမှု အ‌ပေါ်ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အရပ်ဖက်ပစ်မှတ်များအား ရက်စက်စွာပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၀ရက်နေ့တွင် အဆိုပါသေဆုံးသွားခဲ့သော ကလေးငယ်နှစ်ယောက်အား သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...