ဒေါ်လာစျေးတက်သော်လည်း မန္တလေးမြေစျေးကွက်အဝယ်မလိုက်

ဒေါ်လာစျေးတက်သော်လည်း မန္တလေးမြေစျေးကွက်အဝယ်မလိုက်

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF)က အမည်မဲစာရင်းသတ်မှတ်လိုက်ပြီးနောက် မန္တလေးအိမ်ခြံမြေစျေးကွက် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သော် လည်း ဝယ်ယူသူနည်းပါးကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။

"အဲဒီနေ့ညက ချက်ချင်းအရောင်းပိတ်လိုက်တဲ့ မြေရှင်တွေရှိတယ်။ မြေစျေးတက်မယ် ထင်ကြတာ။ ဒါပေမယ့် ဒီနေ့အထိအဝယ်မလိုက်ဘူး” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ဆိုသည်။

ပထမအကြိမ်ဒေါ်လာစျေးမြင့်တက်ချိန်တွင် အိမ်ခြံမြေစျေးကွက်၌ ဝယ်ယူသူများပြားခဲ့ပြီး မန္တလေး အိမ် ခြံမြေစျေးများမြင့်တက်ခဲ့သော်လည်း ယခုအကြိမ်တွင် ဝယ်လက်သိပ်မရှိကြောင်း ပြောသည်။

“အရင်တစ်ခါ စစ်ရှောင်တွေက တန်ဖိုးနည်းမြေတွေနိုင်သလောက်ဝယ်တဲ့အချိန်နဲ့ ဒေါ်လာစျေး ရွှေစျေး တက်တော့ တက်နိုင်တဲ့သူတွေက မြေတွေဝယ်ထားကြတာ။ အခုပြန်ထုတ်ဖို့ မလွယ်ဘူး။ လူတွေလက်ထဲ ငွေမရှိကြတော့ဘူး "ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။

မန္တလေးမြို့မြေအရောင်းအဝယ်စျေးကွက်တွင် လတ်တလော ကွက်ရိုက်မြေများ အရောင်းအဝယ်ဖြစ်ပြီး သိန်း ၁,၀၀၀ အောက်မြေများ ပိုမိုအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...