မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ကျေးရွာသားတစ်ဦးပိုင် စပါးစိုက်ခင်းကို စစ်ကောင်စီတပ်သားများက ကျူးကျော်ဝင်ရောက်ရိတ်သိမ်း

မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ကျေးရွာသားတစ်ဦးပိုင် စပါးစိုက်ခင်းကို စစ်ကောင်စီတပ်သားများက ကျူးကျော်ဝင်ရောက်ရိတ်သိမ်း
Photo- APM/ စစ်သားများ စပါးစိုက်ခင်းကို ဝင်ရောက်ရိတ်သိမ်းနေသည်ကို တွေ့ရစဉ်
Photo- APM/ စစ်သားများ စပါးစိုက်ခင်းကို ဝင်ရောက်ရိတ်သိမ်းနေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင် ကျေးရွာသားတစ်ဦးပိုင်ဆိုင်သည့် မှည့်နေသောစပါးစိုက်ခင်းတစ်ခုကို စစ်ကောင်စီတပ်သားများမှ ပိုင်ရှင်ထံမှ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော် ဝင်ရောက်ကာ စပါးများရိတ်သိမ်းပြီး ယူဆောင်နေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနောက်ဘက် ကွင်းအမှတ် ၁၃၂၀ (က)၌ ဖလောင်းပြင် ကျေးရွာသား ဦးသန်းဝင်း စိုက်ပျိုးထားသော လယ်ဧက ၁.၆ ဧကအတွင်း စပါးများကို ယနေ့နံနက် ၈ နာရီခန့်မှ နံနက် ၁၀ နာရီကျော်အထိ စစ်ကောင်စီတပ်သား ၈ ယောက်ခန့်မှ ဝင်ရောက်ရိတ်သိမ်းကာ စပါးများကို ယူဆောင်သွားကြောင်း ဖလောင်းပြင်ကျေးရွာသားများက ပြောသည်။

"ရိတ်တာကတော့ စက်နဲ့ရိတ်တာမဟုတ်ဘူး။ လက်နဲ့ရိတ်ကြတာပါ။ ဒီနေ့ကတော့ ဦးသန်းဝင်း လယ်ကွက်တစ်ကွက်တည်းလို့သိရပါတယ်။ ဘယ်လောက်ထိရိတ်သွားကြလဲတော့ မသိဘူး။ အနီးကပ်သွားကြည့်လို့ မရတော့လေ။ အဲဒီနားတွေမှာတော့ မိုင်းတွေက အရင်ကတည်းကနေ ရှိပြီးသားဖြစ်မှာပါ။ ပိုင်ရှင်ကလည်း သူတို့ရိတ်နေတယ်လို့ အခြား လူတွေကပြောမှ သိတာပါ။ အဲဒီအနားကိုတော့ ကျနော်တို့က မသွားရဲဘူး သူတိုရှိကတည်းကနေ" ဟုပြောသည်။

ယခုကဲ့သို့ ပြည်သူများခက်ခဲပင်ပန်းစွာ စိုက်ပျိုးထားသော စပါးများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် ရိတ်သိမ်းယူနေခြင်းသည် ဓားပြတို့၏ လုပ်ရပ်ဖြစ်ကြောင်း  ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုသည်။

"ဒီစပါးတွေဟာ ပြည်သူလူထုတွေက ဆင်းရဲဒုက္ခခံပြီး စိုက်ပျိုးထားတာ ဖြစ်တယ်။ ဒီလိုပြည်သူတွေ ပင်ပမ်းခံပြီးစိုက်ပျိုးထားတဲ့ စပါးတွေကို စစ်သားတွေက ဝင်ရောက်ရိတ်သိမ်းတာဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ အခုလို  ပြည်သူစပါးတွေကို ခုလို အားနဲ့ ဝင်ရောက်ရိတ်သိမ်းနေတာဟာ ဓားပြလိုလို၊ သူခိုးလိုလို လူတွေရဲ့ လုပ်ရပ်လို့ သတ်မှတ်ရမလိုဖြစ်နေပြီ" ဟုပြောသည်။

အဆိုပါကြပ်စပ်တံတားအနောက်ဘက်ရှိ လယ်ကွင်းများသည် မင်းပြားမြို့နယ် ဖလောင်းပြင် ကျေးရွာနှင့် ငါးတန်ပြင်ကျေးရွာမှ ဒေသခံများ ပိုင်ဆိုင်သည့်လယ်ကွင်းများ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၇ ရက်၊ နေ့လည်က မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးငယ်များဖြင့် လူနေကျေးရွာများကို ပစ်ခတ်ခဲ့သဖြင့် ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးမှာ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့ပြီးနောက် ရွာသားများ ရွာက ထွက်ပြေးနေချိန်တွင် စစ်တပ်က စပါးများကို ဝင်ရောက် ရိတ်သိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...