ရန်ကုန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ခွင့်ပြန်လာသူ ဗိုလ်ကြီးတစ်ဦးနှင့်ဇနီးဖြစ်သူအပါအဝင် ၃ဦးသေဆုံး

ရန်ကုန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ခွင့်ပြန်လာသူ ဗိုလ်ကြီးတစ်ဦးနှင့်ဇနီးဖြစ်သူအပါအဝင် ၃ဦးသေဆုံး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရ၍ ခွင့်ပြန်လာသည့် ဗိုလ်ကြီးတစ်ဦးနှင့်ဇနီးဖြစ်သူအပါအဝင် ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ  ဗိုလ်ကြီးမြင့်ဆွေနှင့် ဇနီး မရတနာဦး၊ တပ်သားအောင်ကိုမင်းတို့ ၃ ဦးဖြစ်ကြောင်း VOM သတင်းဌာနကဖော်ပြသည်။

၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၂၀ ရက် နံနက် ဆယ်နာရီဝန်းကျင်တွင်  လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီး လမ်းလျှောက် ပြန်လာစဉ်  ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရပ်ကွက်နေသူတဦးကို ကိုးကားပြီး VOM သတင်း၌ဖော်ပြသည်။

ဗိုလ်ကြီးမြင့်ဆွေသည် စစ်တပ်ကနေ ခွင့်ဖြင့် ပြန်လာပြီး မိဘဖြစ်သူနေအိမ်၌ ခေတ္တနေထိုင်နေပြီး ဇနီးဖြစ်သူနှင့် အတူ စားအုံးဆီထုတ်ပြီး အပြင်ကနေ နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်သားများရောက်ရှိလာပြီး သေဆုံးသွားသူများကို မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်လိုက်ကာ လုံခြုံရေးတင်းကျပ်ထားလိုက် သည်ဟု သိရသည်။

လှိုင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်ကလည်း  အငြိမ်းစားဗိုလ်မှုးချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...