ရေစကြိုမြို့နယ် တောင်ဦးကျေးရွာရှိ နေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်က မီးရှို့

ရေစကြိုမြို့နယ် တောင်ဦးကျေးရွာရှိ နေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်က မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့ အနောက်ဘက်ခြမ်း၌ အိမ်ခြေ(၅၀၀)ကျော်ခန့်ရှိသည့် တောင်ဦးကျေး ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွာကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့မှုဖြစ်စဉ်တွင် တောင်ဦးကျေးရွာမှ နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“ စစ်ကောင်စီတပ်သား ၁၀၀ ကျော်လောက်က သံပြာချောင်းကျေးရွာဘက်ကနေ ဦးတည်လာတယ်။ ရွာ မရောက်ခင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တယ်။ ရွာလည်းရောက်ရော မီးစရှို့တယ်။ လူ နေအိမ် ၁၀ လုံး မီးလောင်သွားတယ်။ တချို့ကတော့ စစ်ရှောင်နေရဆဲပါပဲ” ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးက မစ္ဇျိမကို ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် တောင်ဦးကျေးရွာနှင့် နီးစပ်သည့် ကျေးရွာများမှာ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...