မတ္တရာမြို့ စစ်တပ်ခန့်အုပ်ကြီးကို ပကဖပူးပေါင်းအဖွဲ့က ရှင်းလင်းပြီး သေနတ်သိမ်းယူ၊ အလောင်းလာကြည့်သည့် စစ်ကား မိုင်းဆွဲခံရ

မတ္တရာမြို့ စစ်တပ်ခန့်အုပ်ကြီးကို ပကဖပူးပေါင်းအဖွဲ့က ရှင်းလင်းပြီး သေနတ်သိမ်းယူ၊ အလောင်းလာကြည့်သည့် စစ်ကား မိုင်းဆွဲခံရ

မတ္တရာမြို့နယ်၊ အုတ်ဖိုရွာသစ်က စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးအောင်၀င်းကြီးဆိုသူကို၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး၊ ယနေ့နံနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းကာ ၎င်းကိုင်သည့် သေနတ်တစ်လက်ကိုပါ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင်၊ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်း အဖွဲ့ကသတင်းထုတ်ပြန်ထားပြီး၊ ပြည်သူကို ဖမ်းဆီးငွေညှစ်ကာ စစ်ကောင်စီကို ထောက်ပံ့နေတာကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့၌ပါ၀င်သည့် နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

"မန္တလေးတိုင်း မတ္တရာမြို့နယ် စကားပင်ကျေးရွာအုပ်စု၊ အုတ်ဖိုရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအောင်၀င်းကြီးဆိုသူသည်၊ စစ်ဒေါက်တိုင်ရဲများနှင့် ပူးပေါင်းကာ ပြည်သူကိုမတရားဖမ်းဆီးနှိပ်စက် ခြိမ်းခြောက်ငွေညှစ်နေပါသဖြင့်၊ ကျွန်တော်တို့နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေ အောက်တော်လှန်ရေးတပ်ဖွဲ့၊ MDY PDF(Mongoose Squadron) တပ်ခွဲတို့မှပူးပေါင်း၍၊ ယနေ့ ၁၉.၁၀.၂၀၂၂ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်၊ စစ်ထောက်တိုင်အောင်၀င်းကြီးအား ငရဲသို့ပို့ဆောင်ပေးခဲ့ပါသည်။ ၎င်းထံမှ လက်လုပ်ပွိုင့် 22 တစ်လက်နှင့် ကျည်လေးတောင့်သိမ်းဆည်းရမိခဲ့ကြောင်း" ဟူ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နံနက် ၁၀ နာရီခန့်တွင်၊ အလောင်းလာကြည့်သည့် စစ်သားများစီးလာသည့် ကားကိုလည်း၊ ဈေးသစ်ရွာနှင့် တံတားကုန်းရွာကြား၌ ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီဘက်ကနှစ်ယောက်သေပြီး ဒဏ်ရာရသူအများ အပြားရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်တွင် ယမန်နေ့ကလည်း၊ စစ်ကောင်စီ၏ထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး၊ စစ်ကောင်စီဘက်က အသေအပျောက်ရှိခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...