မွန်အမျိုးသားကောလိပ် တည်ဆောက်ရေးအတွက် သိန်း (၆၀၀၀) လိုအပ်မည်ဟု ရံပုံငွေရှာဖွေရေး ကော်မီတီမှပြောကြား

မွန်အမျိုးသားကောလိပ် တည်ဆောက်ရေးအတွက် သိန်း (၆၀၀၀) လိုအပ်မည်ဟု ရံပုံငွေရှာဖွေရေး ကော်မီတီမှပြောကြား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဝင်းကပါမွန်အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများ၏ တက္ကသိုလ်ပညာရေး ဦးတည်ချက်ကား မွန်အမျိုးသားကောလိပ်ပင် ဖြစ်မည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသတွင် မွန်အမျိုးသာကောလိပ်တခု ထူထောင်လျှက်ရှိပြီး လွန်ခဲ့သည့် နှစ်လခန့် က သင်ကြားမှုများ စတင်ခဲ့ရာ ကျောင်းသူ/ ကျောင်းသားများ စာသင်ကြားနိုင်ရေး ကျောင်းဆောင်များ တည်ဆောက်ရန်နှင့် နှစ်စဉ် ကောလိပ်ကျောင်း လည်ပတ်ရေးအတွက် ရံပုံငွေ အကူအညီများ လိုအပ်ပြဵီး အထူးသဖြင့် ကောလိပ်ကျောင်း တည်ဆောက်ရေးအတွက် ကျပ်ငွေသိန်းပေါင်း (၆၀၀၀) လိုအပ်နေကြောင်း မွန်အမျိုးသားကောလိပ် ရံပုံငွေရှာဖွေရေးကော်မီတီ မိကွန်းချမ်းနွံ မှ ပြောကြားသည်။

မွန်အမျိုးသားကောလိပ် (Mon National College) ဦးဆောင်ကော်မီတီမှ မွန်ပြည်သူများနှင့် အခြားတိုင်းရင်းသားပြည်သူများ၏ အလှူငွေပေါ် မူတည်ပြီး ကောလိပ်ကျောင်းအား တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး လက်ရှိရရှိထားသည့် အလှုငွေမှာ သိန်း (၁၀၀၀) မပြည့်သေးဟု သိရပါသည်။

"ရံပုံငွေကတော့ ကျမတို့ မွန်ပြည်သူတွေရဲ့ အလှူငွေတွေအပေါ်မှာ အမှီပြုပြီးတော့ ရှာဖွေသွားပါမယ်။ ပြည်ပရောက် မွန်လူမျိုးတွေ ထည့်ဝင်ဖို့ နှိုးဆော်နေပါတယ်။ အခု ပြည်ပရောက် မွန်တွေနဲ့ နှစ်နိုင်ငံလောက် ဆွေးနွေးပြီးပါပြီ။ ကျန်တဲ့ နိုင်ငံတွေနဲ့ လည်း ဆွေးနွေး သွားပါမယ်။ အခြားစိတ်ဝင်စားတဲ့ အလှူရှင်တွေနဲ့ လည်း ဆွေးနွေးသွားပါမယ်။” ဟု ရံပုံငွေရှာဖွေရေးကော်မီတီ မိကွန်းချမ်းနွံ မှ ရံပုံငွေ ရှာဖွေရေး အစီအစဉ်ကို ပြောကြားသည်။

မွန်အမျိုးသားကောလိပ်ထူထောင်ပြီးဖြစ်သော်လည်း မွန်အမျိုးသားပညာရေးကော်မီတီမှ လက်ရှိ တည်ဆောက်ထားသည့် အဆောက်အဦများတွင်သာ သင်ကြားနေရကြောင်း၊ အဝေးသင် Zoom ဖြင့် သင်ကြားသည့်အခါ စာသင်ခန်းများမှာ အသံလုံ အလင်းလုံ မဟုတ်သည့်အတွက် အခက်အခဲတွေ့ ရှိကြောင်း မိကွန်းချမ်းနွံမှ ထပ်မံရှင်းပြသည်။

ရံပုံငွေ ရှာဖွေလုပ်ငန်းကို မွန်ပြည်နှင့် ထိုင်းနိုင်ငံရှိ မွန်သံဃာတော်များ ဝိုင်းဝန်းရှာဖွေပေးနေပါသည်။ ကောလိပ်ကျောင်းအဆောက်အဦအတွက် ကျပ်သိန်း (၆၀၀၀)၊ သို့ မဟုတ် အမေရိကန်ဒေါ်လာ (၂) သိန်းကျော် လိုအပ်ပြီး နှစ်စဉ် ပညာရေးလုပ်ငန်းလည်ပတ်ရေးအတွက် နှစ်စဉ် သိန်း (၂၀၀၀) သို့ မဟုတ် အမေရိကန်ဒေါ်လာ (၆၅၀၀၀) ကျော် လိုအပ်မည် ရံပုံငွေ ရှာဖွေကော်မီတီမှ ခန့် မှန်းထားပါသည်။

မွန်အမျိုးသားကောလိပ်အား မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင် ထူထောင်ခဲ့ပြီး နိုင်ငံခြားတက္ကသိုလ်များမှ ဒေါက်တာဘွဲ့ မဟာဘွဲ့ ရိုးရိုးဒီဂရီ ရရှိထားသည့် မွန်ပညာရှင်များ ပူးပေါင်းပြီး ထူထောင်ထားသည်။ ကောလိပ်တွင် နှစ်စဉ် ကျောင်းသူကျောင်းသား ၁၂၀-၁၅၀ ဦး လက်ခံသွားရန်ရှိသည်။ မွန်အမျိုးသားကောလိပ်တွင် ဘာသာရပ် (၆) ခု ဖြစ်သည့် Social Science, Mass Media and Journalism, Leadership and Management, Education Teaching, Education Management နှင့် Mon Literature တို့ အား သင်ကြားသွားမည်ဖြစ်ပြီး တွဲဖက်ဝိဇ္ဇာဒီဂရီ (Associate Degree of Art) ကို ပေးအပ်သွားမည် ဖြစ်သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...