ဟားခါးမြို့တွင် ဌာနဆိုင်ရာ စုပေါင်းရုံး မီးလောင်မှု ဖြစ်ပွါး

ဟားခါးမြို့တွင် ဌာနဆိုင်ရာ စုပေါင်းရုံး မီးလောင်မှု ဖြစ်ပွါး

ချင်းပြည်နယ် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာပေါင်းစုံရုံး (မြို့နယ်စုပေါင်းရုံး) မနေ့မနက်ပိုင်း ၁ နာရီကျော်က မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟားခါးမြို့တွင် ယနေ့မနက်ပိုင်း ၁ နာရီကျော်ဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရပြီးနောက် ယခုလို မီးလောင်ခဲ့ခြင်းဖြစ်သည်။

ဟားခါးမြို့ စုပေါင်းရုံး မီးလောင်မှုကြောင့် ပစ္စည်းဆုံးရှုံးမှုတွေများနိုင်ပြီး လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများအားလုံး ပါသွားတယ်လို့ သိရသည်။

"ညတုန်းက ၁ နာရီကျော်ကျော်လောက်မှာ အသံအကြယ်ကြီးနဲ့ ဗုံးသံရော သေနတ်သံရော ကြားတာပဲ၊ မြို့ပြင်ကလို့ တောင်ထင်လိုက်သေးတယ်။အဲတာ ပြီးတော့ စုပေါင်းရုံးက မီးလောင်တယ်ပေါ့နော်။ အဓိကတော့ စည်ပင်ရုံးခန်းနဲ့ ထွေအုပ်ရုံးခန်းက ဘာမှယူစရာမရှိဘူး။ ပြီးတော့ ရုံးထဲက စာရွက်စာတမ်းတွေ အကုန်လောင်တယ်လို့” ဟားခါးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

ယခုလို စုပေါင်းရုံးမီးလောင်မှုသည် လူတစ်ချို့မှ လာရောက်ရှို့ခဲ့သည်ဟု ဒေသခံများပြောပြချက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဟားခါးမြို့ စုပေါင်းရုံးတွင် မြို့နယ်ထွေအုပ်၊ စည်ပင်၊ ကညန၊ ရဲစခန်းနှင့် အစရှိတဲ့ မြို့နယ်ရုံးတွေကို ထားရှိတာဖြစ်ပြီးတော့ ယခုရုံးတွင် ရဲသား ၄ ယောက်မှ ရုံးစောင့်နေကြောင်း သိရသည်။

မီးလောင်ပြီးနောက် မီးသတ်ကားဖြင့် မီးငြိမ်နိုင်ခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများမကြာခဏကြားနေရပြီး ယမန်နေ့တွင် စစ်ကောင်စီ တပ်လေယာဉ်တစ်စင်းပျံသန်းသွားသည်ဟု သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း ဟားခါးထာရ်ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးမီးလောင်မှုဖြစ်ပွါးခဲ့ပြီး မီးသတ်ယာဉ်ကား (၂) စီး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...