ဝက်လက်မြို့နယ်မှကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်

ဝက်လက်မြို့နယ်မှကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်
သစ်ဆိမ့်ကျေးရွာရှိနေအိမ်များကို စစ်တပ်ကမီးရှိူ့ဖျက်ဆီးသွားသည့် အခြေအနေ
သစ်ဆိမ့်ကျေးရွာရှိနေအိမ်များကို စစ်တပ်ကမီးရှိူ့ဖျက်ဆီးသွားသည့် အခြေအနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာနှင့် ကူကြီးကျေးရွာတို့ကို စစ်ကောင်စီတပ် က ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၇ လုံး မီးလောင် ကျွမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဝက်လက်မြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ကြောင်းထိုးကာ ကျေးရွာများကိုဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

“လေးရက်အတွင်းမှာ ရွာပေါင်း ၁၀ ရွာ လောက် အရှို့ခံထားရတယ်။ စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီရှိနေပြီ။ စစ်ကြောင်းတွေက အခုထိထိုးနေတုန်းဆိုတော့ ကြုံသလိုပြေးနေရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် သစ်ဆိမ့်ရွာကို ယမန်နေ့ညနေ ၆ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တန်ဖိုးကြီး နေအိမ်များကိုသာရွေး၍မီးရှို့ခဲ့ခြင်းဖြစ်ကာ လတ်တလောတွင် သစ်ဆိမ့်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ ခန့် စစ်ဘေး ရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ညနေပိုင်းက ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ငါးပတ်ချောင်းရွာသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဝင်ရောက်၍ နေအိမ်များမှတန်ဖိုးကြီးပစ္စည်းများကို သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံ များထံက သိရသည်။

စစ်ကောင်စီတပ်သည် ယခုတစ်ပတ်အတွင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ ရွာခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...