ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကြောင်း စစ်ဆေးမှု ပိုမိုတင်းကျပ်

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကြောင်း စစ်ဆေးမှု ပိုမိုတင်းကျပ်
ထိုင်းနိုင်ငံနယ်စပ်မှ ဘုရားသုံးဆူမြို့ အဝင်
ထိုင်းနိုင်ငံနယ်စပ်မှ ဘုရားသုံးဆူမြို့ အဝင်

ယခုအောက်တိုဘာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူ့းပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် ခရီးသည်များနှင့် ကုန်ပစ္စည်းတင်သည့် ကားများပေါ် နှစ်ဖက်စလုံးမှ စစ်ဆေးမှု ပိုမိုတင်းကျပ်လာသည်ဟု ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမကြီးအား အသုံးပြုနေသူများမှ ဆိုသည်။

နောက်ဆုံးရင်ဆိုင်တိုက်ပွဲအနေဖြင့် အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့ တွင် KNLA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ကြာအင်းဆိပ်ကြီးမြို့ နယ် တဂေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၆ ဦးသေဆုံးပြီး ၁၆ ဦးအား ဖမ်းဆီးရမိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ နဂါးနီစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

"KNLA ပူးပေါင်းတပ်ဖွဲ့ တွေက (စစ်ကောင်စီတပ်ရဲ့ ) ဘုရားတောင်ကို တိုက်ကတည်းကပဲ အခြေအနေ ပိုဆိုးလာတယ်။ KNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေ အရပ်ဝတ်နဲ့ တက်လာမှာကို စိုးရိမ်တယ်။ လက်နက်တွေကို ဝှက်လာမှာ စိုးတဲ့အတွက် ပိုပြီး စစ်ဆေးတယ်။ ကျနော်ဒီလမ်းကို သုံးနေတာ ၁၀ နှစ်ကျော်ပြီ၊ ဒီအချိန်မှာ အခြေအနေက အဆိုးဆုံးပဲ" ဟု ကုန်သည်တဦးဖြစ်သူ နိုင်ဝင်း (အမည်လွဲ) က ပြောသည်။

ဘုရားသုံးဆူမြို့ ကို KNLA ပူးပေါင်းတပ်ဖွဲ့ က ဝင်သိမ်းမည်ဟု သတင်းများ ပြန့် နေပြီး ဘုရားသုံးဆူမြို့ ဝင် စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှု ပိုမိုဆိုးရွားလာသည်။

"လူတိုင်းကို စစ်တာပဲ။ မေးတာပဲ။ ပစ္စည်းအထုပ်အပိုးတွေကိုလည်း စစ်ဆေးပါတယ်။ အမျိုးသမီးတွေကိုလည်း စစ်တာပါပဲ။ အခြေအနေ မကောင်းဘူး။" ဟု ခရီးသည်တစ်ဦးက ဘုရားသုံးဆူမြို့ ဝင် အခြေအနေကို ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ တွင် KNLA ပူးပေါင်းတပ်ဖွဲ့ မှ ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့ နှင့် ၁၅ ကီလိုမီတာ ဝေးသည့် ဘုရားတောင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ခလရ တပ်ရင်း ၂၈၃ ဒု-တပ်ရင်းမှူး အပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။

၎င်းကိစ္စအား တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ လေတပ်မှ KNLA တပ်မဟာ (၆) နယ်မြေ မက်ကသာစခန်းအား အောက်တိုဘာ ၆ ရက်နေ့ တွင် ဗုံးကြဲတိုက်ခိုက်ရာတွင် ဘုန်းကြီးကျောင်းမီးလောင်သွားပြီး ရဟန်း (၂) ပါး ပျံလွန်တော်မူသွားသည်။

ဘုရားသုံးဆူမြို့ သည် ကြာအင်းဆိပ်ကြီးမြို့ နယ်တွင် ရှိနေပြီး ထိုင်းနိုင်ငံကန်ချနပူရီခရိုင်နှင့် ဆက်စပ်နေသည့် နယ်စပ်မြို့ ဖြစ်ပြီး ၎င်းနယ်ခြားမြို့ မှတစ်ဆင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ ကုန်စည်များ စီးဆင်းသွားသည်။ ဘုရားသုံးဆူမြို့မှ မွန်ပြည်နယ် သံဖြူဇရပ်မြို့ သို့ လည်းကောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ သို့ လည်းကောင်း အဓိကကုန်သွယ်ရေးလမ်းမ နှစ်သွယ်ရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...