လုပ်ငန်းများရပ်တန့်ခဲ့ရခြင်းအတွက် ဗဟိုထောက်လှမ်းအေဂျင်စီ(တမူး)မှ ပြည်သူများကို တောင်းပန်

လုပ်ငန်းများရပ်တန့်ခဲ့ရခြင်းအတွက် ဗဟိုထောက်လှမ်းအေဂျင်စီ(တမူး)မှ ပြည်သူများကို တောင်းပန်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) CIA (Tamu) မှ အဖွဲ့လုပ်ငန်းများ ရပ်တန့်ခဲ့ရသည့်အပေါ် အောက်တိုဘာလ ၁၇ ရက် ယနေ့တွင် တောင်းပန်စာ ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ကြီးမားသော အခက်အခဲများနှင့်ကြုံတွေခဲ့ရသဖြင့် အဖွဲ့လုပ်ငန်းများ ရပ်တန့်ထားခဲ့ရပြီး ဆောင်ရွက်လက်စဖြစ်သည့် ကံစမ်းမဲအစီအစဉ်အားလည်း ညီ/ညီမငယ်များမှ တာဝန် ယူလုပ်ဆောင်ခဲ့ရကြောင်း ဆိုသည်။

“ကျနော်တို့အဖွဲ့မှ ဘယ်သူမရှိလို့ မပါလို့ဆိုတာမျိုးမဟုတ်ဘဲ ခေါင်းတွဲမရှိပေမဲ့ တွဲတိုင်းမှာစက်ပါတယ်။ အားလုံးက တော်လှန်ရေးကို ဆက်လုပ်သွားကြမှာဖြစ်တယ်” ဟု CIA (Tamu) လက်ထောက်ဒါရိုက်တာ အုန်းသီးမှပြောသည်။

အခက်အခဲများကြုံခဲ့ရချိန်တွင် သတင်းစီးဆင်းဖြန့်ဝေခြင်းတာဝန်များလည်း လစ်လပ်ခဲ့သည့်အတွက် အနူးအညွတ်တောင်းပန်းကြောင်းနှင့် ကူညီဆောင်ရွက်ခဲ့သူ အားလုံးအား ကျေးဇူးတင်ကြောင်းဆိုသည်။

CIA(Tamu)အနေဖြင့် ယနေ့မှစ၍ ပိုမိုကောင်းမွန်ပြည့်ဝသည့်လုပ်ငန်းတာဝန်များကို ဆက်လက် တာဝန် ထမ်းဆောင်သွားမည်ဖြစ်ပြီး သတင်းပို့ပေးလိုသူများအနေဖြင့် ယခင်အတိုင်း ယုံကြည်စိတ်ချစွာ ဆက် လက်ပေးပို့နိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...