ပြည်သူ့ပါတီသည် ဓန ရှိ၍ရပ်တည်ခြင်း မဟုတ်ကြောင်း ဦးကိုကိုကြီးပြော

ပြည်သူ့ပါတီသည် ဓန ရှိ၍ရပ်တည်ခြင်း မဟုတ်ကြောင်း ဦးကိုကိုကြီးပြော

မဇ္ဈိမ ။ ။ ပြည်သူ့ပါတီအနေဖြင့် ဓန ရှိ၍ ရပ်တည်ခြင်းမျိုး မဟုတ်ဘဲ ဇ ရှိ၍ ရပ်တည်နေခြင်းဖြစ်သည်ဟု ယင်းပါတီ၏ ဥက္ကဌ ဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြည်သူ့ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ဦးကိုကိုကြီးက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်နေသောအခြေအနေမျိုးတွင် နေပြည်တော်၌ ပြည်သူ့ပါတီရုံးခန်းဖွင့်လှစ်ခြင်းသည် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

"ဒီလောက် နိုင်ငံရေးအကျပ်အတည်း မုန်တိုင်းဒဏ်တွေကြားထဲမှာ ဘာ့ကြောင့် အခုအချိန်အထိကြံ့ကြံခံပြီးရပ်တည်နေသလဲလို့ပြောရင် သိသာထင်ရှားတဲ့အချက်ကို ပြောပါမယ်။ ကျွန်တော်တို့ပြည်သူပါတီဟာ ဓနရှိလို့ရပ်တည်နေတာမဟုတ်ဘူး။ ဇရှိလို့ရပ်တည်နေတာ"ဟု ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် နေပြည်တော်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရုံးခန်းများ ဖွင့်လှစ်ထားရှိသကဲ့သို့ ထပ်မံဖွင့်လှစ်သည့် ပါတီရုံးနေရာသည် ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ ဧရာဝတီလမ်းတွင် တည်ရှိသည်။

ပါတီအနေဖြင့် စစ်ကောင်စီက ပြုလုပ်ရန်လျာထားသော ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဥ်မည်ဖြစ်ကာ လက်ရှိချိန်အထိ ပါတီဝင်ဦးရေ ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် မြို့နယ်အဆင့်ပါတီရုံးခန်းပေါင်း ၈၀ ကျော်၊ ရပ်ကျေးအဆင့်ပါတီ ရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားရှိပြီဖြစ်သည်။

ပြည်သူ့ပါတီ၏ ပွဲဦးထွက် ယှဥ်ပြိုင်မှု ဖြစ်ခဲ့သော ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်ပေါင်း ၁၅၀ ခန့်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရာတွင် တစ်နေရာမှအနိုင်ရရှိခဲ့ခြင်းမရှိပေ။

ပါတီအား ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ၈၈ မျိုးဆက်ကျောင်းသားများဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုအခါတွင် ပါတီသက်တမ်း လေးနှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...