မိုးကောင်းမြို့နယ် ၄ မိုင်ရွာ (ရှမ်းရွာ) ကျောင်းထိုင်ဘုန်းကြီး သေနတ်ပစ်သတ်ခံရ

မိုးကောင်းမြို့နယ် ၄ မိုင်ရွာ (ရှမ်းရွာ) ကျောင်းထိုင်ဘုန်းကြီး သေနတ်ပစ်သတ်ခံရ
Photo: The Voice of Shan-Ni ကျောင်းထိုင်ဘုန်းကြီး
Photo: The Voice of Shan-Ni ကျောင်းထိုင်ဘုန်းကြီး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ၄ မိုင်ရွာ (ရှမ်းရွာ) မှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၆) ရက် ည ၇ နာရီကျော် ဝန်းကျင်တွင် ၄ မိုင်ရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒ ကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် လာရောက် ပစ်သတ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည (အောက်တိုဘာလ ၁၆ ရက်) ၇ နာရီ ၁၀ မိနစ်လောက်က စပြီး မီးပျက်သွားတယ်၊ အဲ့လို မီးပျက်တဲ့ အချိန်မှာပဲ လက်နက်ကိုင် လူ ၁၀ ယောက်လောက်က ကျောင်းကိုရောက်လာပြီး ဆရာတော်ကို လာပစ် သွားတာ၊ မဆိုင်တဲ့သူတွေ ခေါင်းငုံ့ကြဆိုပြီး ၂ ယောက်က တံခါးပေါက်မှာ စောင့်၊ ၈ ယောက်က ကျောင်း ပေါ်တက်ပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒသည် ပစ်ခံရသည့် သေနတ်ဒဏ်ရာ ၆ ချက်ဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်သွားပြီး ခဏအကြာ ပျံလွန်တော်မူသွားကြောင်း သိရသည်။

အကြမ်းဖက် ပစ်သတ်မှုကြောင့် ပျံလွန်တော်မူ သွားရသည့် (၄) မိုင် ဆရာတော်ကြီးသည် သက်တော် ၅၇ နှစ် ၊ ဝါတော် ၂၇ ရှိပြီး မြို့နယ် သံဃာနာယဂ (တွဲဘက်-အကျိုးတော်ဆောင်) ဆရာတော်တစ်ပါးလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...